တစ်နေ့နေ့တွင် ရိုးမားအသင်းအား နည်းပြ ခွင့်ရမည်ဟု ထင်မြင်မိကြောင်း ဒီရော့ဆီပြောကြား
Photo: Getty Images
ရိုးမားအသင်း၏ ဂန္ထဝင်ကွင်းလယ်လူ ဒီရော့ဆီ (၃၈ နှစ်)က မိမိအနေဖြင့် တစ်နေ့နေ့တွင် ရိုးမားအသင်းအား နည်းပြခွင့်ရမည်ဟု ထင်မြင်မိကြောင်း ပြောကြားခဲ့သည်။
ဒီရော့ဆီသည် ကစားသမားဘဝမှအနားယူပြီးနောက် အီတလီလက်ရွေးစင်အသင်းလက်ထောက်နည်းပြအဖြစ် မန်စီနီ၏ လက်အောက်တွင် ဆောင်ရွက်ခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် ဒီရော့ဆီမှာ အီတလီလက်ထောက်နည်း ပြအဖြစ်မှ ထွက်ခွာခဲ့ပြီး နည်းပြလောကလို့ ဝင်ရောက်ရန် ပြင် ဆင်နေရာ တစ်နေ့နေ့တွင် ရိုးမားအသင်းအား ကိုင် တွယ်ခွင့်ရရန် မျှော်လင့်နေခြင်းဖြစ်သည်။















