အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်အတွက် ဖီအိုရင်တီးနား အနည်းဆုံး ယူရိုသန်း (၇၀)အလိုရှိ

အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်အတွက် ဖီအိုရင်တီးနား အနည်းဆုံး ယူရိုသန်း (၇၀)အလိုရှိ
Photo: Getty Images
Photo: Getty Images
Published 18 August 2021

 

ဖီအိုရင်တီးနားအသင်းသည် ဥရောပထိပ်တန်းအသင်း ကြီးများမှ စိတ်ဝင်စားနေသော အသင်း၏တိုက်စစ်မှူး ဗလာဟိုဗစ်အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးယူရို သန်း (၇၀)အလိုရှိနေကြောင်း သိရသည်။ 

အသက် (၂၁)နှစ်အရွယ်ရှိ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာ ဟိုဗစ်သည် ပြီးခဲ့သည့်ရာသီက ဖီအိုရင်တီးနားအသင်း အတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး စီးရီးအေ (၃၇)ပွဲကစားရာတွင် (၂၁)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ 

ဗလာဟိုဗစ်အားခေါ်ယူရန် စပါး၊ အက်သလက်တီကိုတို့က စိတ်ဝင်စားနေပြီး ဖီအိုရင်တီးနားအသင်းက စျေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent