■ ဂျာမန်စူပါဖလား ပွဲကြိုသုံးသပ်ချက်

■ ဂျာမန်စူပါဖလား ပွဲကြိုသုံးသပ်ချက်
Published 17 August 2021

■ ဒေါ့မွန် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် သြဂုတ် ၁၈ ရက် နံနက် ၁းဝ၀ နာရီ)

◘ Last Meetings

၂၀၁၉-၂၀        ဘိုင်ယန်မြူးနစ်    ၄-၀    ဒေါ့မွန်

        ဒေါ့မွန်        ၀-၁    ဘိုင်ယန်မြူးနစ်

၂၀၂၀-၂၁        ဘိုင်ယန်မြူးနစ်    ၃-၂    ဒေါ့မွန်        (German Super Cup)

        ဒေါ့မွန်        ၂-၃    ဘိုင်ယန်မြူးနစ်

        ဘိုင်ယန်မြူးနစ်    ၄-၂    ဒေါ့မွန်

လတ်တလောအနေအထားမှာတော့ ဒေါ့မွန်အသင်းက ပိုကောင်းတဲ့အသင်းဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်က နည်းပြသစ် နာဂယ်စ်မန်းလက်ထက်မှာ အခုထိ နိုင်ပွဲပျောက်ဆုံးနေတုန်းပါပဲ။ အခုလို အဓိကပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ပွဲမှာသာ အရှုံံး ပေးခဲ့ရမယ်ဆိုရင် နာဂယ်စ်မန်း ဖိအားပိုများသွားနိုင်ပါတယ်။ ဒေါ့မွန်အသင်းက နိုင်ပွဲတွေဆက်နေသလို၊ ဟော်လန်းကလည်း အရင်အတိုင်း ဂိုးမြူးနေဆဲဖြစ်တာကြောင့် အားရစရာကောင်းနေပေမဲ့ ဘိုင်ယန်မြူးနစ်ကို နောက်ဆုံး(၅)ပွဲဆက် အရှုံးပေးထား ရပါတယ်။ မိနစ်(၉၀)အတွင်း ဘိုင်ယန်မြူးနစ် မရှုံးနိုင်ပါဘူး။

◘ German Super Results (Last Five)

၂၀၁၆    ဒေါ့မွန်        ၀-၂    ဘိုင်ယန်မြူးနစ်

၂၀၁၇    ဒေါ့မွန်        ၂-၂    ဘိုင်ယန်မြူးနစ်               (ပယ်နယ်တီ ၅-၄ ဂိုးဖြင့် ဘိုင်ယန်မြူးနစ်နိုင်)

၂၀၁၈    ဖရန့်ဖတ်        ၀-၅    ဘိုင်ယန်မြူးနစ်

၂၀၁၉    ဒေါ့မွန်        ၂-၀    ဘိုင်ယန်မြူးနစ်

၂၀၂၀    ဘိုင်ယန်မြူးနစ်    ၃-၂    ဒေါ့မွန်

Most Read

Most Recent