■ မိမိနှင့်အတူ ဘာစီလိုနာအသင်း၏အသင်းခေါင်းဆောင်အားလုံး လစာလျှော့ယူသွားမည်ဟု ပီကေး ထုတ်ဖော်ပြောကြား

■ မိမိနှင့်အတူ ဘာစီလိုနာအသင်း၏အသင်းခေါင်းဆောင်အားလုံး လစာလျှော့ယူသွားမည်ဟု ပီကေး ထုတ်ဖော်ပြောကြား
Photos : FC Barcelona
Photos : FC Barcelona
Published 17 August 2021

ဘာစီလိုနာအသင်း၏ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံထားရသည့် ၀ါရင့်နောက်ခံလူ ပီကေးက အသင်းတွင် လစာလျှော့ယူမည်မှာ မိမိတစ်ဦးတည်းမဟုတ်ဘဲ အသင်းခေါင်းဆောင်အားလုံးဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင် မက်ဆီနှင့် လမ်းခွဲ ခဲ့ပြီးနောက် ဘူးစကွက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ထို့နောက် ဒုတိယအသင်းခေါင်းဆောင်အဖြစ် ပီကေး၊ တတိယအသင်းခေါင်းဆောင်အဖြစ် ဆာဂျီရောဘတ်တိုနှင့် စတုတ္ထအသင်းခေါင်းဆောင်အဖြစ် အယ်လ်ဘာတို့ကို တာဝန်ပေးထားသည်။

လစာလျှော့ယူမည့် အစီအစဉ် ကို အယ်လ်ဘာက သဘောမတူဟု သတင်းထွက်ခဲ့သော်လည်း ပီကေးက ဟုတ်မှန်ခြင်းမရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ၎င်းက မိမိနှင့်အတူ အခြားအသင်းခေါင်းဆောင် (၃)ဦးစလုံး တူညီသည့်သဘောထားရှိကြကြောင်း ပြောကြားခဲ့သည်။

ပီကေးက ''ကျွန်တော်တို့က မိသားစုတစ်ခုဖြစ်ပြီး အသင်းခေါင်းဆောင်အားလုံးက ဒီလိုလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြပါတယ်။ ဒါကို ဘာကြောင့် မြန်မြန်လုပ်ရတာလဲဆိုတော့ ကစားသမားတွေကို စာရင်းသွင်းဖို့ ကူညီနိုင်အောင်ပါ။ တစ်ခါတလေ ကြားသိရတဲ့ သတင်းတွေက ရာနှုန်းပြည့်မှန်ကန်ခြင်း မရှိတတ်ပါဘူး။ အခုလို စီစဉ်နိုင်ခဲ့လို့ တခြားအသင်းခေါင်းဆောင်တွေအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးလည်း အတူရှိကြစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent