သြဂုတ်(၂၉)တွင် PSG အသင်းအတွက် မက်ဆီ စတင်ကစားဖွယ်ရှိ

သြဂုတ်(၂၉)တွင် PSG အသင်းအတွက် မက်ဆီ စတင်ကစားဖွယ်ရှိ
Photo: PSG Twitter
Photo: PSG Twitter
Published 17 August 2021

PSG အသင်း၏ တိုက်စစ်မှူးသစ် မက်ဆီသည် သြဂုတ်(၂၉)တွင် ယှဉ်ပြိုင်ရမည့် Reims နှင့်ပွဲတွင် စတင်ကစားဖွယ်ရှိကြောင်း သိရသည်။

မက်ဆီသည် စထရာဘိုးနှင့်ပွဲ မတိုင်မီကတည်းက PSG အသင်းသို့ ရောက်ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ အသင်းနှင့်အတူ လေ့ကျင့်မှု (၃)ကြိမ်သာ ပြုလုပ်ရသေးသည့်အတွက် နည်းပြ ပိုချက်တီနိုက ပွဲကစားခွင့်ပြုလိုခြင်းမရှိသေးကြောင်း သိရသည်။

ပိုချက်တီနိုက မက်ဆီနှင့်ပတ်သက်၍ ''ကျွန်တော်တို့ တစ်ဆင့်ချင်း သွားရမှာပါ။ အသင်းဖော်တွေနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိလာပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝပြီဆိုရင် သူ ပွဲထွက်ကစားရမှာပါ'' ဟု ပြောကြားခဲ့သည်။

PSG အသင်းသည် ယခုတစ်ပတ် ယှဉ်ပြိုင်ရမည့် ဘရက်စ်နှင့်အဝေးကွင်းပွဲတွင် မက်ဆီကို အသုံးပြုဦးမည်မဟုတ်သော်လည်း အသင်းနှင့်အတူ ခေါ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent