■ အာဆင်နယ်အသင်း၏ ရာသီအဖွင့် ရှုံးပွဲကို ပရိသတ်များ ဒေါသထွက်နေပြီး လူ့အခွင့်အရေးချိုးဖောက်သူဟု ကျော်ကြားသည့် ရဝမ်ဒါ သမ္မတကပါ ဝေဖန်

■ အာဆင်နယ်အသင်း၏ ရာသီအဖွင့် ရှုံးပွဲကို ပရိသတ်များ ဒေါသထွက်နေပြီး လူ့အခွင့်အရေးချိုးဖောက်သူဟု ကျော်ကြားသည့် ရဝမ်ဒါ သမ္မတကပါ ဝေဖန်
Published 16 August 2021

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွင် တန်းတက် ဘရန့်ဖို့ဒ်အသင်းကို (၀-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ အာဆင်နယ်အသင်းပရိသတ်များက အပြင်းအထန်ဝေဖန်နေကြသလို၊ လူ့အခွင့်အရေးချိုးဖောက်သူအဖြစ် Amnesty International က သတ်မှတ်ထားသည့် ရဝမ်ဒါသမ္မတကပါ ဝေဖန်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းပွဲတွင် အာဆင်နယ်အသင်း၏ ပေါင်သန်း (၅၀)တန်နောက်ခံလူ ဘင်ဝှိုက်လည်း ဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိရာ ၎င်းမှာလည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အာဆင်နယ်အသင်းပရိသတ်တစ်ဦးက အာဆင်နယ်အသင်း၏ Twitter တွင် '' ဒီနည်းပြနဲ့ ဆက်သွားနေရင်တော့ ဘာအောင်မြင်မှုမှရမှာ မဟုတ်ဘူး''ဟု ရေးသားခဲ့သလို၊ အခြားပရိသတ်တစ်ဦးကလည်း ''အဆင့် (၁၀)အတွင်းဝင်ရင် အောင်မြင်မှု လို့ ပြောရမယ့် အခြေအနေဖြစ်လာပြီ''ဟု ဝေဖန်ခဲ့သည်။

ရဝမ်ဒါသမ္မတဖြစ်သူ ကာဂါမီကမူ ''ဘရန့်ဖို့ဒ်အသင်းက နိုင်ပွဲနဲ့ထိုက်တန်ပေမဲ့ ငါတို့ပရိသတ်တွေအတွက်တော့ ဒီလိုရလဒ်တွေနဲ့ မထိုက်တန်ဘူး။ လုံးဝမထိုက်တန်ဘူး။ အာဆင်နယ်အသင်းရဲ့ အမာခံပရိသတ်တစ်ဦးအနေနဲ့ ငါ ပြောနေတာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ပြန်တက်ဖို့ အရမ်းကြာနေပြီ''ဟု ဝေဖန်ခဲ့သည်။

ရဝမ်ဒါနိုင်ငံသည် Visit Rwanda အမည်ဖြင့် အာဆင်နယ် အသင်းကို စပွန်ဆာပေးထားသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။