ပြင်သစ်လီဂူးပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

 ပြင်သစ်လီဂူးပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 15 August 2021

အန်ဂါစ် - လိုင်ယွန် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

အန်ဂါစ်က အနိုင်ရလဒ်နဲ့ အဖွင့်လှခဲ့ပြီး ယုံကြည်မှုမြင့်နေ နိုင်တယ်။ အခုလည်း အိမ်ကွင်းမှာ လိုင်ယွန်ကို အကောင်းဆုံး တုံ့ပြန်ဦးမှာပါ။ အန်ဂါစ်တို့ အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။

ဘရက်စ် - ရန်းစ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘရက်စ်က အဖွင့်ပွဲစဉ်မှာ လိုင်ယွန်ကို အဝေးကွင်းသရေ ကစားပြီး မာကျောမှုကို ပြသခဲ့တယ်။ ရန်းစ်ကတော့ ရာသီအစ အထလေးတတ်ပါတယ်။ ဘရက်စ်နဲ့ပဲ အရဲစွန့်ထားချင်တယ်။

ကလယ်မွန့် - ထရွိုင်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

အဖွင့်ပွဲစဉ်မှာ ဘော်ဒိုးကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်က စားခဲ့တဲ့ တန်းတက် ကလယ်မွန့်ရဲ့ စွမ်းဆောင်ရည်က ချီးကျူးစ ရာပါ။ ဒီပွဲလည်း ကလယ်မွန့်တို့ နိုင်ပွဲယူသွားဖို့ရှိနေတယ်။

နန့်စ် - မက်ဇ် (တနင်္ဂနွေည ရး၃၀ နာရီ)

မက်ဇ်က အိမ်ကွင်းအဖွင့်ပွဲမှာ ချန်ပီယံ လိုင်လီကို တိုက် စစ်စွမ်းပြပြီး သရေကစားနိုင်ခဲ့တယ်။ မက်ဇ်ရဲ့ကစားပုံကလည်း တည်ငြိမ်မှုရှိပါတယ်။ မက်ဇ်တို့ အနိမ့်ဆုံးသရေကစားလိမ့်မယ်။

Reims - မောင့်ပယ်လီယာ (တနင်္ဂနွေည ရး၃၀ နာရီ)

မောင့်ပယ်လီယာတို့ အဖွင့်ပွဲမှာ ခံစစ်အားနည်းမှုတွေနဲ့ မာဆေးလ်ကို အရှုံးပေးခဲ့ရတယ်။ Reims က အိမ်ကွင်းကစားပုံ ကျစ်လျစ်ပြီး မာကျောမှုရှိပါတယ်။ Reims ကိုပဲ ရွေးထားမယ်။

လန်းစ် - စိန့်အက်တီယန် (တနင်္ဂနွေည ၉း၃၀ နာရီ)

နှစ်သင်းစလုံး အဖွင့်ပွဲစဉ်မှာ သရေကျခဲ့ပေမဲ့ ပုံစံကောင်း ကိုပြနိုင်ခဲ့တယ်။ လန်းစ်က အိမ်ကွင်းအဖွင့်ပွဲမှာ အနိုင်ရလဒ်အ တွက် ပိုအားထုတ်လာမှာပါ။ လန်းစ်တို့ ကပ်နိုင်သွားဖို့ရှိတယ်။

မာဆေးလ် - ဘော်ဒိုး (တနင်္လာနံနက် ၁း၁၅ နာရီ)

မောင့်ပယ်လီယာကို (၂)ဂိုးပြတ်အရှုံးကနေ နောက်က လိုက်ပြီး အနိုင်ကစားခဲ့တဲ့ မာဆေးလ်ရဲ့ စိတ်ပိုင်းဆိုင်ရာသန်မာ မှုက အထင်ကြီးချင်စရာပါ။ မာဆေးလ်တို့ နိုင်ပွဲဆက်ပါမယ်။

Most Read

Most Recent