ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 August 2021

နယူးကာဆယ်- ဝက်စ်ဟမ်း (တနင်္ဂနွေည ရး၃၀ နာရီ)

ဝက်စ်ဟမ်းက မနှစ်က ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်လို့ ယူဆရတယ်။ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း အားရစရာပုံစံကို ပြသနိုင်ခဲ့တယ်။ အသင်းက အရေးမပါ တဲ့ ကစားသမားတချို့ထွက်သွားပြီး လင်ဂတ် မရှိတော့တာတော့ နစ်နာတယ်။ ဒါေ

ပမဲ့ ဝက်စ်ဟမ်းက တောင့်တင်းပြီးသားပါ။ နယူးကာဆယ်က မှန်းရခက်တယ်။ ကစားပုံက တော့ ငြိမ်တယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းကိုပဲ ကြိုက်ပါတယ်။ 

စပါး - မန်စီးတီး (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)    

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ အားလုံး စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ပွဲစဉ်တစ်ပွဲအဖြစ် မြင်ရမယ်။ မနှစ်က လိဂ်ဖလားဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တဲ့အသင်းနှစ်သင်းလည်းဖြစ်တယ်။ ဒါပေမဲ့ မော်ရင်ဟိုမဟုတ်တော့သလို၊ မေဆင်လည်း မ ဟုတ်တော့

ဘူး။ နူနိုနဲ့ ဖြတ်သန်းမှုအသစ်ကို စောင့်ကြည့်ရမှာဖြစ်တယ်။ ဂွါဒီယိုလာရဲ့အသင်းက ကွန်မြူနတီဒိုင်းပွဲမှာ လက်စ တာကို ရှုံးခဲ့ပေမယ့် အရန်ကစားသမားအများစုနဲ့ ဆိုတာကို သတိပြုရမယ်။ ဒီပွဲမှာ အားထားရတဲ့ကစားသမားတွေအစုံအလင် ပြန်ပါလာမယ်။

ကွန်မြူနတီရှုံးပွဲမှာ လူငယ်တွေနဲ့တောင် ဒုတိယပိုင်းခြေစွမ်းက တော်တော်လေးကောင်းမွန်ခဲ့တာကိုလည်း တွေ့ရတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ မန်စီးတီးက လိုချင်နေတဲ့၊ မန်စီးတီးကိုလည်း ပြောင်းချင်နေတဲ့ ဟာရီကိန်း ရဲ့ စိတ်ပိုင်းဆို

င်ရာအခြေအနေနဲ့ ကစားပုံဖြစ်ပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့ ခြေစွမ်းကို ပြမယ်ထင်တယ်။ အယ်လီ ဘယ်လောက် အထိ ပြန်တောက်ပလာမလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်။ ဒါပေမဲ့ မန်စီးတီးပဲ နိုင်ဖို့များပါတယ်။ 

Most Read

Most Recent