လီဗာပူးလ်အသင်း၏နည်းပြ ယာဂန်ကလော့ပ်က မိမိအသင်းအနေဖြင့် ကစားသမားသစ် ထပ်မံခေါ်ယူရန် မလိုအပ် တော့ဘဲ လက်ရှိလူစာရင်းကို ယုံကြည်မှုရှိသည်ဟု ပြောကြားခဲ့သည်။
လီဗာဗူးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လိုက်ပ်ဇစ်အသင်းမှ ပြင်သစ်နောက်ခံလူ ကိုနာတီတစ်ဦးတည်းကိုသာ ပေါင် (၃၆)သန်းဖြင့် ခေါ်ယူထားသည်။
သို့သော် ယာဂန်ကလော့ပ် အသင်းလူစာရင်းကို ယုံကြည်ကြောင်းနှင့် ယခုနွေရာသီတွင် ကစားသမားသစ် ထပ်မံခေါ်ယူရန် မလိုအပ်တော့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်က "အပြောင်းအရွှေ့စျေးကွက် ဖွင့်ရင် လူတိုင်းက ကစားသမားသစ်ခေါ် ဖို့ မျှော်လင့်ကြပါတယ်။ အသင်းရဲ့ လူစာရင်းကိုကြည့်ရအောင်။ နောက်ခံလူသစ် လိုတာလား၊ ဂိုးသမားသစ် လိုတာလား။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ရှိပြီးသားပါ။ ကွင်းလယ်နဲ့ တိုက်စစ်မှာ လည်း ဒီလိုပါပဲ။ စိတ်လှုပ်ရှားစရာလူငယ်တွေလည်း ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် သြဂုတ်လ (၁၄)ရက်တွင် နောဝစ်ချ်အသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။















