အဲလ်ဗတ်စ်ကို ပြန်လည်ခေါ်ယူရန် ဆီဗီလာ စီစဉ်နေ

အဲလ်ဗတ်စ်ကို ပြန်လည်ခေါ်ယူရန် ဆီဗီလာ စီစဉ်နေ
Photo: football-espana
Photo: football-espana
Published 12 August 2021

ဆီဗီလာအသင်းသည် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ အဲလ်ဗတ်စ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

အသက် (၃၈) နှစ်အရွယ်ရှိ အဲလ်ဗတ်စ်သည် လက်ရှိတွင် ဘရာဇီးလ်ကလပ် ဆာပေါ်လိုအသင်း၌ ကစားလျက်ရှိနေပြီး ဆာပေါ်လိုအသင်းမှာ ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် အဲလ်ဗတ်စ်ကို လစာပေးချေရန် အခက်အခဲတွေ့နေရကြောင်း သိရှိရသည်။

ထို့ကြောင့် ဆာပေါ်လိုအသင်းသည် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အဲလ်ဗတ်စ်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရှိရသည်။

ထို့ကြောင့် ဆီဗီလာအသင်းသည် အသင်းတွင် ၂၀၀၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကစားခဲ့ဖူးသည့် အဲလ်ဗတ်စ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

၎င်းသည် ဆီဗီလာအသင်းတွင် ကစားခဲ့သည့် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ (၂၅၀)တွင် (၁၆)ဂိုး သွင်းယူခဲ့သည်။

Most Read

Most Recent