မာစီယဲလ်ကို အင်တာမီလန်အသင်းထံ ရောင်းထုတ်ရန် မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်

မာစီယဲလ်ကို အင်တာမီလန်အသင်းထံ ရောင်းထုတ်ရန် မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 11 August 2021

 

မန်ချက်စတာယူနိုက်တက်အသင်းသည် ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်ကို အင်တာမီလန်အသင်းထံ ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ 

မန်ချက်စတာယူနိုက်တက်အသင်းသည် မာစီယဲလ်ကို ပေါင်သန်း(၅၀)ရရှိပါက ရောင်းထုတ်ရန် စီစဉ်ထားပြီး အင်တာမီလန်အသင်းကလည်း လူကာကူနေရာတွင် ပြန်လည်အစားထိုးရန်အတွက် ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။ 

အင်တာမီလန်အသင်းက အငှားဖြင့်ခေါ်ယူရန် ပိုမိုဆန္ဒရှိနေသော်လည်း မန်ချက်စတာယူနိုက်တက်အသင်းက အပြီးသတ်သာရောင်းချလိုပြီး ငွေပေးချေမှုကိုမူ အရစ်ကျစနစ်ဖြင့် လက်ခံသွားဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent