ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ နာဂ သိန်းလှိုင်  ကွယ်လွန်

ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ နာဂ သိန်းလှိုင်  ကွယ်လွန်
Published 10 August 2021

ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ နာဂ သိန်းလှိုင် ယနေ့ ( သြဂုတ် ၁၀ ရက်) တွင် ကွယ်လွန်သွားကြောင်း ဆရာကြီး၏ သားဖြစ်သူက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

" ကျွန်နော့်၏ဖခင်ကြီးဒေါက်တာနာဂ သိန်းလှိုင်ယနေ့မနက်ကိုးနာရီဆယ်မိနစ်တွင်ဆုံးသွားပါပြီ" ဟု ရေးသားထားသည်။

၁၉၃၃ ခုနှစ်ဖွား ဆရာကြီးနာဂသိန်းလှိုင်မှာ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်သည်။

ဆရာကြီး နာဂသိန်းလှိုင်မှာ နယ်စွန်နယ်ဖျားဒေသတွင် လူနာများကို ကုသမှုပေးခဲ့သူဖြစ်ပြီး ရွှေဓားဗိုလ်ဟုလည်း လူသိများသည်။ 

ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများကို ဓားတစ်ချောင်းတည်းဖြင့် ခွဲစိတ်ပေးခဲ့သူဖြစ်ပြီး လူနာအသက်ပေါင်းများစွာကို ကယ်တင်ခဲ့သူဖြစ်သည်။

Most Read

Most Recent