ကွင်းလယ်လူ ကီတာကို သင့်တော်သည့် ကြေးရလျှင် လီဗာပူးလ် ရောင်းချမည်

ကွင်းလယ်လူ ကီတာကို သင့်တော်သည့် ကြေးရလျှင် လီဗာပူးလ် ရောင်းချမည်
Photo: Getty Images
Photo: Getty Images
Published 8 August 2021

 

လီဗာပူးလ်အသင်းသည် အသင်း၏ ဂီနီလက်ရွေးစင်ကွင်းလယ်လူ ကီတာ (၂၆ နှစ်)အား သင့်တော်သည့် ကြေးရလျှင် ရောင်းချသွားမည်ဖြစ် ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။ 

ကီတာသည် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလက ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းမှ လီဗာပူးလ်သို့ မြင့်မားသည့်ပြောင်းရွှေ့ကြေး ဖြစ်သော ပေါင် (၅၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

သို့သော် ၎င်းအနေဖြင့် အသင်းတွင် ဒဏ်ရာပြဿနာများ နှင့်ရုန်းကန်နေရပြီး ပြီးခဲ့သည့်ရာသီကလည်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ပွဲသာ ကစားပေးနိုင်ခဲ့သည်။

Most Read

Most Recent