တချို့အရာတွေကို မော်ရင်ဟို မလုပ်နိုင်ပါ 

တချို့အရာတွေကို မော်ရင်ဟို မလုပ်နိုင်ပါ 
Photos: Getty Images, Sky Sports & Roma Twitter
Photos: Getty Images, Sky Sports & Roma Twitter
Published 7 August 2021
Chan Myae

တော်တော်များများက မော်ရင်ဟိုရဲ့အကောင်းဆုံးအချိန်တွေကျော်သွားပြီ။ မော်ရင်ဟိုဟာ ဒိတ်အောက်နေပြီလို့ ဝေဖန်ကြတယ်။ မော်ရင်ဟိုကတော့ စကားလုံးလှလှတွေနဲ့ ကာကွယ်တယ်။ သူက သူ့အောင်မြင်မှုတွေအတွက် နစ်နာနေရသူဖြစ်တယ်တဲ့။ "ယူနိုက်တက်မှာ ကျွန်တော် ဆုဖလား (၃)လုံးရခဲ့တယ်။ ဒါကိုပဲ လူတွေက ကျရှုံးတယ်လို့ မြင်နေကြရင် ကျွန်တော့်အတွက် ဒါက ကပ်ဆိုက်တာပဲ။ ကျွန်တော့်ရဲ့ နောက်ဆုံး (၃) သင်းအကြောင်းပဲ ပြောမယ်။ ချယ်လ်ဆီးက အမှတ်ပေးဖလားရတယ်။ ယူနိုက်တက်က ဖလား (၃) လုံးရတယ်။ စပါးအသင်းကို ဖိုင်နယ်အထိ ပို့ပေးခဲ့တယ်။ ကျွန်တော့်အတွက် ဘယ်အရာက ကပ်ဆိုးလဲ။ တခြားလူတွေက သူတို့ဘဝမှာ မလုပ်နိုင်ဖူးတဲ့အရာအတွက် ဒါကိုတောင် မကျေနပ်နိုင်ကြဘူးဆိုရင် ဒါဟာ ကျွန်တော့်အမှားကြောင့်ပဲ။ ကျွန်တော် အောင်မြင်မှုတွေ အများကြီးယူခဲ့လို့ပဲ။ ကျွန်တော်က ကျွန်တော့်အောင်မြင်မှုတွေအတွက် နစ်နာနေရသူပဲ"လို့ ဆိုတယ်။