ဒီနွေကို အင်္ဂလန်တွေစိုးမိုးမှာလား

ဒီနွေကို အင်္ဂလန်တွေစိုးမိုးမှာလား
Photos: Engaland Twitter. Arsenal. MUFC Facebook. Getty Images
Photos: Engaland Twitter. Arsenal. MUFC Facebook. Getty Images
Published 4 August 2021

သြဂုတ်လရောက်လာပြီဖြစ်တာကြောင့် အပြောင်းအရွှေ့သတင်းတွေ ပိုပြီးလှုပ်ခတ်လာ တော့မှာ သေချာနေပါတယ်။ ဥရောပနိုင်ငံအများ စုရဲ့ နွေရာသီအပြောင်းအရွှေ့က သြဂုတ်လကုန်မှာ အဆုံးသတ်ပိတ်သိမ်းမှာကြောင့်ပါ။ ဥရောပထိပ် သီးလိဂ်တွေ ဒီလထဲမှာ စတင်တော့မှာဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက်ကိုတော့ လကုန်မှ ပိတ် သိမ်းသွားမှာပါ။ ဒါကြောင့် ပြင်ဆင်မှုတွေကို အ ရင်ကထက် အားထည့်လုပ်ဆောင်ရမယ့် အချိန် အခါရောက်ရှိလာပြီလို့ ဆိုရမှာဖြစ်ပြီး လောလော ဆယ်မြင်တွေ့နေရတာကတော့ အင်္ဂလန်ကလပ် အသင်းတွေရဲ့ ဦးဆောင်လှုပ်ရှားမှုပါပဲ။ ဒါကတော့ အ၈င်္လန်ကလပ်အသင်းတွေက ကပ်ဘေးကာလ အတွင်းမှာပဲ ဘဏ္ဍာရေးတည်ငြိမ်မှုကို ပြိုင်ဘက် တွေထက် ပိုပြီးထိန်းသိမ်းထားနိုင်တာကြောင့် ဖြစ် ပါလိမ့်မယ်။ ကပ်ဘေးရဲ့ရိုက်ခတ်မှုကတော့ ဘယ် လိဂ်၊ ဘယ်အသင်းမှ မလွတ်ကင်းကြပါဘူး။ ဒါ ပေမဲ့ တန်ဖိုးကြီးမားတဲ့ ရုပ်သံစာချုပ်တွေရှိနေတဲ့ ပရီးမီးယားလိဂ်က တခြားလိဂ်တွေထက်တော့ ခံသာပါတယ်။ ပြီးတော့ ကောင်းမွန်စနစ်ကျတဲ့ စီမံခန့်ခွဲနိုင်မှုရှိတာကလည်း ပြိုင်ဘက်တွေထက် တစ်ပန်းသာစေခဲ့ပါတယ်။ ဒါကြောင့်လည်း ပြိုင်ဘက်လိဂ်တွေက ထိပ်သီးအသင်းတွေ  တောင် ကစားသမားသစ်ခေါ်ယူဖို့ ရှိပြီးသားကစား သမားကို အရင်ရောင်းထုတ်ဖို့ ဦးစားပေးလုပ် ဆောင်နေရချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေက တော့ ပုံမှန်နီးပါးလှုပ်ရှားနေနိုင်တာပါ။ မန်ယူ အသင်းက ကစားသမားသစ်နှစ်ဦးအတွက် ပေါင် သန်း(၁၀၀)ကျော် သုံးစွဲထားပြီးဖြစ်သလို၊ မန်စီး တီးနဲ့ ချယ်လ်ဆီးတို့ကလည်း အကြီးစားအား ဖြည့်မှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်။ အာဆင် နယ်လို ခြိုးခြံချွေတာပါတယ်ဆိုတဲ့အသင်း တောင် ကစားသမားသစ်(၃)ဦးအတွက် ပေါင် သန်း(၇၀)ကျော် သုံးစွဲထားတဲ့အချက်က ပရီးမီး ယားလိဂ်ရဲ့ အင်အားကို မြင်သာစေပါတယ်။ ဒီတော့ ထုံးစံအတိုင်း အပြောင်းအရွှေ့စျေးကွက် ကို ပရီးမီးယားလိဂ်အသင်းတွေပဲ ခြယ်လှယ်သွား ဦးမယ့် အလားအလာရှိနေပြီး ထူးခြားတာတစ်ခု ကတော့ ဒီနွေမှာ အင်္ဂလန်ကလပ်တွေရဲ့ စိုးမိုး မှုကိုသာမက အ၈င်္လန်ကစားသမားတွေရဲ့ စိုးမိုးမှု ကိုပါ မြင်တွေ့ရနိုင်ခြေ ရှိိနေတာပါပဲ။