ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေး

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေး
Published 1 August 2021

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)အဖြစ်လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအား အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အဖြစ်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီး ဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းလိုက် ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

အထက်ပါပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးချစ်နိုင်၊ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအ ဖြစ် ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးခင်ရီ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ သက်ခိုင် ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသိန်းဇံတို့ အား ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ် ပြန်ထားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွှေ့တာဝန်ပေးပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတာကို ပူးတွဲတာဝန်ထမ်းဆောင်စေလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၅၈/၂၀၂၁ ဖြင့် ကချင်ပြည် နယ်ဝန်ကြီးချုပ်အဖြစ် ဦးခက်ထိန်နန်၊ က ယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးခင်မောင် ဦး(ခ)ဘူးရယ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်အ ဖြစ် ဦးစောမြင့်ဦး၊ ချင်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဦးငွန်ဆန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမြတ်ကျော်၊ တနင်္သာ ရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမြတ်ကို၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမျိုး ဆွေဝင်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမောင်ကို၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဇော်လင်း ထွန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက် တာ အောင်ကျော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးလှစိုး၊ ရှမ်းပြည်နယ်ဝန် ကြီးချုပ်အဖြစ် ဒေါက်တာ ကျော်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးတင် မောင်ဝင်းတို့ အား ခန့်အပ်တာဝန်ပေးလိုက် ကြောင်း ထုတ် ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၄၈/၂၀၂၁ ဖြင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ကိုင်းတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီတိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်တို့ကို တာဝန်မှ အနားယူခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းအမိန့်အပါအဝင် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန် ကြီး များကိုလည်း အမိန့်အသီးသီးထုတ်ပြန်ကာ ခန့်အပ်တာဝန်ပေးခဲ့သည်။

Most Read

Most Recent