ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး အသင်းမှာလည်း ဗြိတိန်အစိုးရက ပြင်ဆင်လိုက်သည့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ် ချက်များကြောင့် ပြင်သစ်ခြေစမ်းခရီးစဉ်ကို ဖျက်သိမ်းကြောင်း ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
မန်စီးတီးအသင်းသည် ဇူလိုင် (၃၁)ရက်တွင် ပြင်သစ်လီဂူး-၁ တန်းတက်ကလပ် ထရွိုင်စ်အသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။
သို့သော် ပြင်သစ်နိုင်ငံမှ လာရောက်သူများ Quarantine (၁၀)ရက် နေရမည့် စည်းမျဉ်းအသစ်ကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။
သို့ဖြစ်ရာ မန်စီးတီးအသင်းသည် ရာသီသစ်မစတင်မီ ဇူလိုင် (၂၇)ရက်တွင် လိဂ်ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းနှင့် အကယ်ဒမီကွင်း၌ ကွင်းပိတ်ခြေစမ်းပွဲ၊ သြဂုတ် (၇)ရက်တွင် FA ဖလားချန်ပီယံ လက်စတာအသင်းနှင့် ဝင်ဘလေကွင်း၌ ကွန်မြူနတီဒိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် သြဂုတ်လ (၁၅)ရက်တွင် စပါးအသင်းကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။