အက်သလက်တီကိုအသင်း ဥက္ကဋ္ဌ စီရီဇိုက အသင်းလူငယ်တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ရောင်းမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် အသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းအား ဂျော်အိုဖေးလစ်နှင့်တိုက်ရိုက်လဲလှယ်ရန် ကမ်းလှမ်းခဲ့သော်လည်း အက်သလက်တီကိုအသင်းက ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ယခုအခါ စီရီဇိုက ဂျော်အိုဖေးလစ်မှာ အသင်း၏ အနာဂတ်စီမံကိန်းတွင် ပါဝင်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီရီဇိုက "ဂျော်အို(ဖေးလစ်)က အက်သလက်တီကိုကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ အသင်းနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး ဥရောပဘောလုံးလောကမှာ ထွန်းတောက်လာမယ့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ကို ရောင်းထုတ်မှာမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် အသက်(၂၁)နှစ်အရွယ်ရှိ ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ၂၀၁၉ တွင် ယူရို(၁၂၆) သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။