လီဗာပူးလ်အသင်း၏ တိုက်စစ်မှူးဟောင်း စတာရစ်ချ်သည် ဘောလုံးလောကနှင့် (၁၇)လကြာ ကင်းကွာနေခဲ့ပြီးနောက် လာလီဂါတန်းတက်ကလပ် မာယော့ကာအသင်းနှင့်အတူ ဘောလုံးပြန်ကစားရန် ပြင်ဆင်နေကြောင်း သိရသည်။
စတာရစ်ချ် (၃၁ နှစ်)သည် ၂၀၂၀ မတ်လတွင် ထရက်ဇွန်စပေါ်အသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
လောင်းကစားမှုကြောင့် ဘောလုံးကစားခွင့် (၄)လ ပိတ်ပင်ခံခဲ့ရခြင်းကြောင့်လည်း အသင်းလက်မဲ့ဖြစ်ခဲ့ ရခြင်းဖြစ်ပြီး ယခုအခါ မာယော့ကာအသင်းနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေကြောင်း သိရသည်။