ရိုးမားအသင်းသို့ ပြောင်းရွှေ့လာသည့် ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ပတ်ထရီစီယိုက အသင်းသစ်တွင် တစ်နိုင်ငံတည်းသားဖြစ်သူ နာမည်ကျော်နည်းပြ မော်ရင်ဟိုနှင့် အတူလက်တွဲအလုပ်လုပ်ရမည့်အတွက် များစွာစိတ်လှုပ်ရှားမိကြောင်း အသင်း သစ်နှင့်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
ပတ်ထရီစီယို၏ ရိုးမားအသင်းသို့ အပြောင်း အရွှေ့မှာ ဇူလိုင်လ ၁၃ ရက်တွင် အပြီးသတ်ခဲ့ခြင်း ဖြစ်ပြီး အသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ "ရိုးမားအသင်းဟာ ထိပ်တန်းကလပ်အသင်း တစ် သင်းဖြစ်ပြီး စိန်ခေါ်မှုသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ကလပ်အသင်းပစ်မှတ်ထားတဲ့ အောင်မြင်မှုတွေ ရရှိရေး ကူညီဖို့နဲ့ ကြိုးစားပေးဖို့အတွက် ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်အဖြစ် ဂျိုဆေးမော် ရင်ဟိုအကြောင်းကို ကျွန်တော်တို့ ပြောလေ့ရှိပါ တယ်။ အခု သူနဲ့ လက်တွဲအလုပ်လုပ်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်။ အသင်းကို အရာအားလုံး ကူညီနိုင်ဖို့ ကြိုးစားသွားမှာပါ"ဟု ပတ်ထရီစီယိုက ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် အသက် (၃၃)နှစ်အရွယ်ရှိ ပတ်ထရီစီယိုအတွက် ပြောင်း ရွှေ့ကြေး ယူရို(၁၁.၅)သန်း ပေးချေခဲ့ရသည်ဟု အတိအလင်းကြေညာခဲ့ပြီး Add-ons ကြေးများ လည်း ပါဝင်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ရေးသားထားခဲ့သည်။
ပတ်ထရီစီယိုသည် ပြီးခဲ့သည့် မေလက ရိုးမားအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ရသည့် မော်ရင်ဟိုလက်ထက် ပထမဆုံးခေါ်ယူသည့်ကစားသမားဖြစ်ခဲ့ပြီး အသင်းဂိုးသမားများဖြစ်သည့် ပါအူလိုပက်ဇ်ကို မာဆေးလ်သို့ အငှား ချကာ မီရန်တေကို အသင်းမှထွက်ခွာခွင့်ပေးခဲ့ပြီး နောက် ဂိုးသမားနေရာအတွက် ပြန်လည်အားဖြည့် ခဲ့ခြင်းဖြစ်သည်။ ပတ်ထရီစီယိုက ဝုလ်ဗ်ပရိသတ် များ၊ ကစားသမားများနှင့် ဝန်ထမ်းများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။