ဟာရီကိန်းကို ခေါ်ယူရန် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် လီဝန်ဒေါစကီးကို ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ

ဟာရီကိန်းကို ခေါ်ယူရန် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် လီဝန်ဒေါစကီးကို ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်နေ
Photo: 365Scores
Photo: 365Scores
Published 16 July 2021

မန်စီးတီးအသင်းသည် စပါးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အာဂျင်တီးနားဝါရင့်တိုုက်စစ်မှူး အဂွဲရိုးကို ဆုံးရှုံးခဲ့ရပြီးနောက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့ပြီး ဟာရီကိန်းကို ပေါင်သန်း (၁၀၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ယင်းအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် တန်ဖိုးကြီးခေါ်ယူမှုများ ပြုလုပ်နိုင်ဖွယ်မရှိဟု ပြောကြားခဲ့သော်လည်း လက်ရှိအချိန်၌ လီဝန်ဒေါစကီးကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

လီဝန်ဒေါစကီး(၃၂ နှစ်)သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသူဖြစ်ပြီး အသက်အရွယ်နှင့် စာချုပ်သက်တမ်းအရ ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း (၆၀)ဝန်းကျင်သာရှိနိုင်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်နည်းပြသစ် နာဂယ်စ်မန်းကမူ လီဝန်ဒေါစကီးနှင့် ပတ်သက်သည့် အပြောင်းအရွှေ့သတင်းများမှာ အမြဲထွက်ပေါ်တတ်သောကြောင့် မထူးခြားဟုဆိုခဲ့သည်။

Most Read

Most Recent