မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းနှင့် ပြည်ပကယ်ဆယ်ရေးခရီးစဉ်များတွင် COVID-19 ကာကွယ်ကုသရေးဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းရန်ပို့ဆောင်လိုပါက အခမဲ့သယ်ယူပို့ဆောင်ပေးမည်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းနှင့် ပြည်ပကယ်ဆယ်ရေးခရီးစဉ်များတွင် COVID-19 ကာကွယ်ကုသရေးဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းရန်ပို့ဆောင်လိုပါက အခမဲ့သယ်ယူပို့ဆောင်ပေးမည်
(MNA) လေကြောင်းလိုင်းမှ ပျံသန်းနေသည့် လေယာဉ်တစ်စင်းကို တွေ့ရစဉ်
(MNA) လေကြောင်းလိုင်းမှ ပျံသန်းနေသည့် လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 14 July 2021

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းနှင့် ပြည်ပကယ်ဆယ်ရေးခရီးစဉ်များတွင် COVID-19 ကာကွယ်ကုသရေး ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းရန် ပို့ဆောင်လိုပါက အခမဲ့သယ်ယူ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းမှ မြန်မာနိုင်ငံအနှံ့ အရေးတကြီးလိုအပ်နေသော COVID-19 ကာကွယ်ကုသရေး ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများအား လှူဒါန်းရန်အတွက် ပို့ဆောင်လိုပါက ယခုလက်ရှိ ပျံသန်းပြေးဆွဲလျက်ရှိသော စင်ကာပူ၊ ဘန်ကောက်၊ နယူးဒေလီ၊ မကာအို၊ ချန်ဒူး၊ မနီလာ၊ ကယ်ဆယ်ရေးခရီးစဉ်များတွင်လည်းကောင်း၊ မြန်မာအမျိုးသား လေကြောင်းတစ်လိုင်းတည်းသာ ပြေးဆွဲနေသော ပြည်တွင်းလေဆိပ်များနှင့် အခြားပြည်တွင်းလေဆိပ်များသို့လည်းကောင်း၊ မြန်မာအမျိုးသားလေကြောင်းမှ အခမဲ့ ဦးစားပေးသယ်ယူပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းများအား မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အခမဲ့သယ်ယူပို့ဆောင်လိုပါက ၀၉၄၂၉၁၈၇၉၂၃၊ [email protected] သို့ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်ပြီး လေကြောင်းလိုင်းနှင့် မသက်ဆိုင်သော အခွန်အခများရှိပါက ပစ္စည်းပို့ဆောင်မည့်သူမှ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက မန္တလေး-မကွေး-မန္တလေး ခရီးစဉ်သစ်ကို စတင်ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မန္တလေး-မကွေး-မန္တလေး ခရီးစဉ်သစ်ကို ၂၀၂၁ခုနှစ်၊ ဇွန် ၁၄ ရက်မှစ၍ ATR 72-600 လေယာဉ်ဖြင့် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ပျံသန်း ပြေးဆွဲသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် လိုက်ပါမည့်ခရီးသည်များသည် မန္တလေး-မကွေးခရီးစဉ်ကို ၄၈၀၀၀ ကျပ်နှင့် မကွေး-မန္တလေးခရီးစဉ်ကို ၄၆၀၀၀ ကျပ်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဥများတွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအနေဖြင့် website (www/flymna.com) ၊ Application နှင့် call center တို့မှတစ်ဆင့် ဘိုကင်တင်ထားသော လေယာဉ်လက်မှတ်များကို Digital Payment များဖြင့် အလွယ်တကူဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

လေယာဉ်လက်မှတ်များကို 3D Secure on ထားသော Credit Card သို့မဟုတ် Debit Card များဖြင့် ငွေပေးချေခြင်း၊ MPU Card များဖြင့် ငွေပေးချေချင်း၊ Bank Transfer ဖြင့် ငွေပေးချေင်း၊ 123 service မှတစ်ဆင့် Over the counter များဖြစ်သော NearMe, G & G, abc convenience store, City Express နှင့် Oasis ဆိုင်များတွင် ငွေပေးချေနိုင်မည်ဖြစ်သည်။

Mobile banking/ i Banking အသုံးပြုသည့် Customer များအတွက် KBZ Direct Pay, CB Web Pay, AYA mobile banking , UAB mobile banking, MAB mobile banking များ အသုံးပြုကာ ငွေပေးချေနိုင်မည်ဟု သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များ COVID-19 ရောဂါစစ်ဆေးခြင်းကို Yangon Airpot Molecular Lab တွင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်း ပျံသန်းနေသည့် ကယ်ဆယ်ရေးခရီးစဉ်များဖြစ်သည့် ဘန်ကောက်၊ စင်ကာပူနှင့် ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအတွက် COVID-19 ဆေးစစ်ခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး၊ N Health Laboratory နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်လမ်းရှိ Cargo Warehouse တို့တွင် နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent