COVID-19 ရိုက်ခတ်မှုနဲ့ အရှေ့တောင်အာရှ အားကစားရပ်ဝန်း

COVID-19 ရိုက်ခတ်မှုနဲ့ အရှေ့တောင်အာရှ အားကစားရပ်ဝန်း
Photos: The Straits Times, AFC & Getty Images
Photos: The Straits Times, AFC & Getty Images
Published 14 July 2021
စိုင်းရဲရင့်

ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်တဲ့နေရာမှာ ဖွံ့ဖြိုးဖို့ ရုန်းကန်နေရတဲ့ နိုင်ငံတွေ၊ လိုအပ်ချက်တွေ များပြားတဲ့နိုင်ငံတွေအတွက် ပိုမိုခက်ခဲပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ COVID-19 ရိုက်ခတ်မှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအပေါ် သက်ရောက်မှုကြီးမားနေပြီး အားကစားကဏ္ဍတစ်ခုတည်းကြည့်ရင်တောင် သက်ရောက်မှု တော်တော်ပြင်းထန်ပါတယ်။ အရှေ့တောင်အာရှ (၁၁)နိုင်ငံမှာ ဖွံ့ဖြိုးတဲ့နိုင်ငံက လက်(၅)ချောင်းတောင်မပြည့်ဘဲ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများက ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးဖို့ ရုန်းကန်နေရတဲ့ နိုင်ငံတွေများတဲ့ အရှေ့တောင်အာရှဒေသမှာ COVID-19 ရိုက်ခတ်မှုက ပြင်းထန်တာကြောင့် ဘက်ပေါင်းစုံထိခိုက်မှုများနေပြီး အားကစားလောကကြီးလည်း ရပ်တန့်လုနီးပါးဖြစ်နေရပါတယ်။