အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနှင့် နှိုင်းယှဉ်ခံရမှုများကြောင့် မက်ဆီ များစွာခံစားခဲ့ရသည်ဟု မာရာဒိုနာ၏သားဖြစ်သူ ပြောကြား

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနှင့် နှိုင်းယှဉ်ခံရမှုများကြောင့် မက်ဆီ များစွာခံစားခဲ့ရသည်ဟု မာရာဒိုနာ၏သားဖြစ်သူ ပြောကြား
Photos: Getty Images & Goal.com
Photos: Getty Images & Goal.com
Published 14 July 2021

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ၏သားဖြစ်သူက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဖခင်ဖြစ်သူနှင့် နှိုင်းယှဉ်ခံရမှုများကြောင့် များစွာခံစားရသည်ဟု TyC Sports နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

    

မက်ဆီသည် ၂၀၂၁ ကိုပါအမေရိက ချန်ပီယံဆုမရမီက ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သော်လည်း နိုင်ငံအသင်းတွင် ၁၉၈၆ ကမ္ဘာ့ဖလား ရယူပေးခဲ့သည့် မာရာဒိုနာကဲ့သို့ စွမ်းဆောင်နိုင်ခြင်းမရှိဆိုသည့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

၂၀၂၁ ကိုပါအမေရိကပြိုင် ပွဲတွင် အာဂျင်တီးနား ဗိုလ်စွဲပြီးနောက် နိုင်ငံလက်ရွေးစင်အသင်းနှင့် အဓိကဆုဖလား စတင်ရယူနိုင် ခဲ့သည့် မက်ဆီကို ဘောလုံးသမိုင်းတွင် ထာဝရအကောင်းဆုံးကစားသမားအဖြစ် မီဒီယာများနှင့် ပရိသတ်များက ချီးကျူးခဲ့ကြသည်။ 

    

မာရာဒိုနာ၏သားဖြစ်သူက မက်ဆီအား သူ၏ဖခင်ဖြစ်သူနှင့် နှိုင်းယှဉ်ပြီး ဝေဖန်နေသူများမှာ ဘောလုံးအကြောင်းကို နားမလည်သူများသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

"ဒီယေဂို(မာရာဒိုနာ)က ဒီယေဂို(မာရာဒိုနာ)။ မက်ဆီက မက်ဆီပါပဲ။ မက်ဆီကို ဝေဖန်နေကြတဲ့သူတွေဟာ ဘောလုံးအကြောင်းကို တစ်ခုမှ နားမလည်သူတွေသာ ဖြစ်ပါတယ်။ မက်ဆီဟာ ကျွန်တော့်အဖေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံခဲ့ရတာကြောင့် များစွာခံစားခဲ့ရပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ 

    

ထို့ပြင် ၎င်းက မက်ဆီအနေဖြင့် လက်ရွေးစင်အသင်းနှင့် ဆုဖလားရရှိခဲ့သည့်အတွက် ဝမ်းသာကြောင်းလည်း ဆိုခဲ့သည်။ 

မာရာဒိုနာ၏သားဖြစ်သူက "နိုင်ငံအသင်းနဲ့အတူ မက်ဆီ ဖလားရရှိခဲ့တဲ့ စိတ်သက်သာရပါတယ်။ ကလေးတွေ(အာဂျင်တီး နားကစားသမားများ)က ချန်ပီယံဆုနဲ့ထိုက်တန်ပါတယ်။ အဖေ ဆုံးပြီးနောက် ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါပြီ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent