■ ယူရိုအောင်ပွဲကို တစ်ကမ္ဘာလုံးမှ အီတလီအားလုံးအတွက် ရည်ညွှန်းသည်ဟု ဖလော်ရန်ဇီ ပြောကြား

■ ယူရိုအောင်ပွဲကို တစ်ကမ္ဘာလုံးမှ အီတလီအားလုံးအတွက် ရည်ညွှန်းသည်ဟု ဖလော်ရန်ဇီ ပြောကြား
Photos : Football Italia, Twitter
Photos : Football Italia, Twitter
Published 13 July 2021

 အီတလီအသင်း၏နောက်ခံလူ ဖလော်ရန်ဇီက ယူရို-၂၀၂၀ အောင်ပွဲကို တစ်ကမ္ဘာလုံးမှ အီတလီများအတွက် ရည်ညွှန်းသည်ဟု ပြောကြားခဲ့သည်။

ဖလော်ရန်ဇီက ယခုအောင်ပွဲမှာ  မိမိတို့အသင်းသည် ထူးခြားသည့်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသောအသင်းဖြစ်ကြောင်း နောက်တစ်ကြိမ် သက်သေပြနိုင်ခြင်းဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

ဖလော်ရန်ဇီက ''ဒီအောင်ပွဲကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အီတာလျံအားလုံးအတွက် ကျွန်တော်တို့ ရည်ညွှန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ထူးခြားတဲ့စွမ်းဆောင်ရည်ရှိကြောင်း ထပ်ပြီးသက်သေပြနိုင်ခဲ့လို့ပါ''ဟု ပြောကြားခဲ့သည်။

ဖလော်ရန်ဇီသည် အုပ်စုအဆင့်တွင်ရရှိခဲ့သည့် ဒဏ်ရာပြဿနာကြောင့် ယင်းပွဲတွင် အချိန်ပိုရောက်မှ လူစားဝင်ကစားခဲ့ရသူဖြစ်သော်လည်း (၆)ဦးမြောက် ပယ်နယ်တီကန်သွင်းရမည့်သူအဖြစ် ရွေးချယ်ခံထားရကြောင်းလည်း သိရသည်။

ဖလော်ရန်ဇီက ''ကျွန်တော်တို့ ယူရိုချန်ပီယံဆုကို နောက်တစ်ကြိမ်ပြန်ရဖို့ အကြာကြီးစောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ အခု အီတာလျံအားလုံးနဲ့အတူ  အပြည့်အဝပျော်ရွှင်ရပါတယ်''ဟုလည်း ပြောကြားခဲ့သည်။

အီတလီအသင်းသည် ယူရို-၁၉၆၈ ပြိုင်ပွဲတွင် ပထမဆုံးချန်ပီယံဆုရရှိခဲ့ပြီး (၅၃)နှစ်ကြာမှ ချန်ပီယံဆုကို ဒုတိယအကြိမ် ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဖလော်ရန်ဇီသည် ဆုချီးမြှင့်ပွဲအပြီးတွင် ကင်မရာရှေ့ရပ်ကာ ''အမေ ကြည့်လိုက်ပါဦး ကျွန်တော် ဘာရခဲ့လဲဆိုတာ''ဟု အော်ဟစ်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent