ဘာပေအတွက် လီဗာပူးလ်အသင်းသာ အသင့်တော်ဆုံးဟု ပီတစ် သုံးသပ်

ဘာပေအတွက် လီဗာပူးလ်အသင်းသာ အသင့်တော်ဆုံးဟု ပီတစ် သုံးသပ်
Photo: Liverpool Echo
Photo: Liverpool Echo
Published 12 July 2021

ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေအနေဖြင့် ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့လျှင် လီဗာပူးလ်အသင်းသာ အသင့်တော်ဆုံးဖြစ်မည်ဟု အာဆင်နယ်နှင့် ချယ်လ်ဆီးကွင်းလယ်လူဟောင်း ပီတစ်က သုံးသပ်ခဲ့သည်။

သို့သော် လက်ရှိအနေအထားတွင် ဘာပေအနေဖြင့် PSG အသင်းမှ ထွက်ခွာရန်မလိုအပ်သေးကြောင်း ပီတစ်က မှတ်ချက်ပြုခဲ့သည်။

''သူ့ရဲ့လစာငွေကို ပေးချေနိုင်တဲ့ ကလပ်အသင်းက ကမ္ဘာပေါ်မှာ နည်းနည်းလေးပဲရှိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ PSG ကို စွန့်ခွာရင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရောက်လာမှာပါ။ သူ့အတွက် အသင့်တော်ဆုံးကတော့ လီဗာပူးလ်အသင်းပါပဲ''ဟု ပီတစ်က ပြောကြားခဲ့သည်။

အသက်(၂၂)နှစ်အရွယ်သာရှိသေးသူ ဘာပေ၏ PSG အသင်းနှင့် လက်ရှိစာချုပ်မှာ လာမည့်ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘာပေက စာချုပ်သက်တမ်းတိုးလိုခြင်းမရှိတော့ကြောင်း ပြောကြားထားသည်။

Most Read

Most Recent