Sweet Home ရုပ်သံဇာတ်လမ်းတွဲ၏ Season 2 အတွက် စီစဉ်နေဟု ထွက်ပေါ်လာသည့် သတင်းများအပေါ် Netflix တုံ့ပြန်

Sweet Home ရုပ်သံဇာတ်လမ်းတွဲ၏ Season 2 အတွက် စီစဉ်နေဟု ထွက်ပေါ်လာသည့် သတင်းများအပေါ် Netflix တုံ့ပြန်
Published 11 July 2021

တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် Sweet Home အတွက် ဒုတိယမြောက် Season နှင့်ပတ်သက်သည့် သတင်းများအပေါ် Netflix က တုံ့ပြန်ခဲ့သည်။

Sweet Home အမည်ဖြင့် ထင်ရှားသည့်လျှို့ဝှက်သည်းဖို webtoon ကိုအခြေခံ၍ ရိုက်ကူးထားသည့် အမည်တူပေးထားသော Sweet Home ရုပ်သံဇာတ်လမ်းတွဲ၏ပထမ season တွင် တစ်ကိုယ်တည်းသမား တစ်ဦးဖြစ်သူ အထက်တန်းကျောင်းသားတစ်ဦးသည် အဆောက်အဦးသစ်တစ်လုံးတွင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ၎င်းပတ်ဝန်းကျင်ရှိလူများသည် ကြောက်မက်ဖွယ် သတ္တဝါဆိုးကြီးများအဖြစ် ရုတ်တရက် ပြောင်းလဲသွားချိန်၌ တွေ့ကြုံရသည့် ကြောက်မက်ဖွယ်အဖြစ်အပျက်များကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဇာတ်လမ်းတွဲဖြစ်သည်။

ယင်း Sweet Home ဇာတ်လမ်းတွဲကို Song Kang ၊ Lee Jin Wook နှင့် Lee Si Young တို့ အပါအဝင် အဓိကသရုပ်ဆောင်များနှင့်အတူ Season 2 ကို ဒီဇင်ဘာတွင် စတင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ယင်း Season 2 ကို ၂၀၂၂ ခုနှစ်တွင် ထွက်ရှိရန် ရည်ရွယ်ထားကြောင်း ရုပ်ရှင်လောကမှကိုယ်စားလှယ်များက ဇူလိုင် ၉ ရက်တွင်ပြောကြားခဲ့သည်။

သို့သော် Netflix ကမူ Sweet Home ဇာတ်လမ်းတွဲ၏ Season 2 အတွက် ရိုက်ကူးထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ရသေးခြင်းမရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

Most Read

Most Recent