၂၀၂၁ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသသွားမည့် အာရှဇာတ်ကားများ

၂၀၂၁ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသသွားမည့် အာရှဇာတ်ကားများ
Published 9 July 2021

၂၀၂၁ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်ကို ပြင်သစ်နိုင်ငံ ကိန်းမြို့တွင် ဇူလိုင် ၆ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ကမ္ဘာ့နိုင်ငံအများအပြားမှ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပြသသွားမည်ဖြစ်သည ်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကိန်းရုပ်ရှင်ပွဲတော်ကို ကပ်ရောဂါကူးစက်ဖြစ်ပွားနေမှုများကြောင့် ပြီးခဲ့သည့်နှစ်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင်မှ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၁ ရက်ကြာကျင်းပမည်ဖြစ်သော ကိန်းရုပ်ရှင်ပွဲတော်အတွင်းပြသမည့် အာရုဇာတ်ကားများကို စုစည်းဖော်ပြပေးသွားမည်ဖြစ်သည်။

Drive My Car (ဂျပန်)

ဂျပန်ဒါရိုက်တာ Ryusuke Hamaguchi ရိုက်ကူးထားသော Drive My Car ဒရာမာဇာတ်ကားတွင် ဇာတ်ဆောင်မင်းသားနှင့်၎င်း၏ ယာဉ်မောင်းအမျိုးသမီးတစ်ဦးအကြားမှ ဆက်ဆံရေးအကြောင်းကို ခံစားမှုရသမျိုးစုံဖြင့် ရိုက်ကူးတင်ဆက်ထားသည်။

Memoria (ထိုင်း)

ထိုင်းဒါရိုက်တာ Apichatpong Weerasethakul ရိုက်ကူးထားသော Memoria ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသသွားမည်ဖြစ်သည်။ ဒါရိုက်တာ Apichatpong သည် ၂၀၁၀ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် Uncle Boome Who Can Recall His Past Lives ဇာတ်ကားဖြင့် ရွှေအုန်းပင်ဆု ရရှိခဲ့သူဖြစ်သည်။

Gaey Wa’r (တရုတ်)

ကိန်းရုပ်ရှင်ပွဲတော်၏ Un Certain Regard ကဏ္ဍတွင် ထည့်သွင်းစဉ်းစားခံရ သော တရုတ်မှုခင်းဒရာမာဇာတ်ကား Gaey Wa’r ကို ပေကျင်းရုပ်ရှင်အကယ်ဒမီကျောင်းမှ ဘွဲ့ရတစ်ဦးဖြစ်သည့် ဒါရိုက်တာ Jiazuo က ရိုက်ကူးထားခြင်းဖြစ်သည်။

In Front of Your Face (တောင်ကိုရီးယား)

ဒါရိုက်တာ Hong Sang-Soo ရိုက်ကူးထားသော တောင်ကိုရီးယားဒရာမာဇာတ်ကား In Front of Your Face ကို ရုပ်ရှင်ပွဲတော်၌ ဇူလိုင် ၁၅ ရက်တွင် ပြသသွားမည် ဖြစ်သည်။ ဒါရိုက်တာ Sang-Soo ၏ လက်ရာများကို ကိန်း၌ ပြသသည်မှာ ၁၁ ကြိမ် မြောက်ရှိပြီဖြစ်သည်။

Emergency Declaration (တောင်ကိုရီးယား)

သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပွားလာသည့် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်များကို ကြည့်ရှုခံစားရမည့် သည်းထိတ်ရင်ဖိုဇာတ်ကား Emergency Declaration ကို ဒါရိုက်တာ Han Jae-rim က ရိုက်ကူးခဲ့သည်။

The Year of the Everlasting Storm

ဒါရိုက်တာ ခုနစ်ဦး၏ စုပေါင်းလက်ရာဖြစ်သော The Year of the Everlasting Storm ဇာတ်ကားကို အမေရိကန်၊ အီရန်၊ ချီလီ၊ တရုတ်၊ ထိုင်းတို့တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ရုပ်ရှင်ပွဲတော်၏ Special Screening ကဏ္ဍတွင် ပြသသွားမည်ဖြစ်သည်။

Ripples of Life (တရုတ်)

ဒါရိုက်တာ Wei Shu Jun ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။

I’m So Sorry (တရုတ်)

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ Zhao Liang ရိုက်ကူးထားသော I’m So Sorry ဇာတ်ကားကို ကိန်းရုပ်ရှင်ပွဲတော်၏ Cinema for the Climate သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွင် ပြသသွားမည်ဖြစ်သည်။

Moneyboys (တရုတ်)

ဒါရိုက်တာ C.B.Yi ၏ Moneyboys ဇာတ်ကားကို ကိန်းရုပ်ရှင်ပွဲတော်၏ Un Certain Regard ကဏ္ဍတွင် ပြသသွားမည်ဖြစ်ကာ ယင်းဇာတ်ကားသည် ရွှေကင်မရာဆုအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent