လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် လေးကြိမ်မြောက် တရားစွဲဆိုခံခဲ့ရသည့် အမေရိကန်အဆိုတော် မာရီလင်မန်ဆန်

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် လေးကြိမ်မြောက် တရားစွဲဆိုခံခဲ့ရသည့် အမေရိကန်အဆိုတော် မာရီလင်မန်ဆန်
Published 4 July 2021

မော်ဒယ်တစ်ဦးဖြစ်သူ အက်ရှ်လေ မော်ဂန်စမစ်လိုင်းက အမေရိကန်အဆိုတော် မာရီလင်မန်ဆန်အား လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး အက်ရှ်လေသည် မန်ဆန်အား လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြင့် တရားစွဲဆိုသည့် စတုတ္ထမြောက် အမျိုးသမီးဖြစ်လာခဲ့သည်။

စမစ်လိုင်း၏ မန်ဆန်အပေါ် စွဲချက်များတွင်အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ ကိုယ်ခန္ဓာအားထိခိုက်နာကျင်စေမှုနှင့် တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားမှုတို့ ပါဝင်သည်။

မန်ဆန်သည် စမစ်လိုင်းအား ၎င်းကိုထားရစ်ခဲ့မည်ဆိုလျှင် လိုက်လံရှာဖွေ၍ သတ်ပစ်မည်ဟု ထပ်တလဲလဲ ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း လေ့ာစ်အိန်ဂျလိစ့်မြို့ရှိ တရားရုံးသို့လျှောက်တင်သည့် စာရွက်စာတမ်းများတွင်ဖော်ပြခဲ့သည်။

အမည်ရင်း ဘရိုင်ယန်ဝါနာဟု ခေါ်တွင်သည့် မန်ဆန်၏ကိုယ်စားလှယ်တစ်ဦးက မစ္စစမစ်လိုင်း၏ ပြောကြားချက်များကို အခိုင်အမာငြင်းဆိုကြောင်း ပြောကြားခဲ့သည်။

“မစ္စစမစ်လိုင်းရဲ့ တရားရုံးကို လျှောက်တင်လွှာထဲမှာ မဟုတ်မမှန်တာတွေ အများကြီးပါနေပါတယ်။ ဒါတွေကို ဘယ်ကနေစပြီးဖြေရမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။သူတို့ရဲ့ ပတ်သက်မှုဟာ အချိန်အတိုင်းအတာ အကန့်အသတ်ပဲရှိပါတယ်။ ၂၀၁၀ ခုနှစ်ကလောက်က သူတို့ရဲ့ပတ်သက်မှုဟာ ရက်သတ္တပတ်တစ်ပတ်လောက်ပဲ ကြာမြင့်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ မန်ဆန်ဟာ မစ္စစမစ်လိုင်းကို ထပ်ပြီးမတွေ့တော့ပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။

မန်ဆန်သည် ၂၀၁၀ ခုနှစ် နွေရာသီက ၎င်းထံဆက်သွယ်ခဲ့ပြီး ဓာတ်ပုံရိုက်ကူးရန်တောင်းဆိုခဲ့ကြောင်း ၎င်း၏တေးသီချင်းဗီဒီယိုတွင် ပါဝင်ရိုက်ကူးစေလိုကြောင်း ပြောကြားခဲ့သည်ဟု စမစ်လိုင်းကဆိုသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် မန်ဆန်သည် စမစ်လိုင်းရှိရာလေ့ာစ်အိန်ဂျလိစ့်မြို့သို့ ရောက်ရှိလာခဲ့ပြီး  ပက်ထရစ်ရှာ အားကက်၏ရုပ်ရှင်ဖြစ်သည့် True Romance ကို ပြန်လည်ဆန်းသစ်ရိုက်ကူးမှုတွင် ၎င်းအားပါဝင်စေမည်ဟုဆို၍ မန်ဆန်၏တိုက်ခန်းသို့ပြောင်းရွှေ့စေကာ ထိုအချိန်မှစ၍နှစ်ဦးသဘောတူ လိင်ပိုင်းဆိုင်ရာဆက်ဆံရေးစတင်ခဲ့ကြသည်ဟု မစ္စစမစ်လိုင်းကတရားရုံးသို့ လျှောက်တင်ချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent