လွန်ခဲ့သည့် ကိုးနှစ်က ခိုးယူခံခဲ့ရသော ပီကာဆို၏ ပန်းချီလက်ရာ တစ်ခုကို ပြန်လည်တွေ့ရှိ

လွန်ခဲ့သည့် ကိုးနှစ်က ခိုးယူခံခဲ့ရသော ပီကာဆို၏ ပန်းချီလက်ရာ တစ်ခုကို ပြန်လည်တွေ့ရှိ
Published 30 June 2021

၂၀၁၂ ခုနှစ်က ဂရိနိုင်ငံ အေသင်မြို့ရှိ အမျိုးသားပန်းချီပြခန်းအတွင်းမှ ပန်းချီများ ခိုးယူခံရမှုအတွင်း ပျောက်ဆုံးသွားခဲ့သော ပန်းချီပညာရှင် ပါပလိုပီကာဆို၏ ပန်းချီလက်ရာတစ်ခုနှင့် နယ်သာလန် ပန်းချီပညာရှင် Piet Mondrian ရေးဆွဲထားသော ပန်းချီလက်ရာတစ်ခုကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုပန်းချီနှစ်ခုကို ခိုးယူထားမှုအတွက် အသက် ၄၉ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အေသင်အမျိုးသားပန်းချီပြခန်းမှ ပန်းချီးများ ခိုးယူခံရမှုကို သူခိုးနှစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ လက်ရာမြောက်ပန်းချီ အများအပြားကို အချိန်ခုနစ်မိနစ်အတွင်း ဘောင်အတွင်းမှ ဖြုတ်ယူသွားခဲ့ကြခြင်းဖြစ်သည်။ ပန်းချီလက်ရာနှစ်ခုကို နေအိမ်၌ နှစ်ပေါင်းများစွာကြာ ကွယ်ဝှက်ထားရှိခဲ့ပြီး ရောင်းချရန် ရည်ရွယ်ချက်မရှိခဲ့သော ဆောက်လုပ်ရေး လုပ်ငန်းရှင်သည် အိမ်တွင်း အလှဆင်သူတစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

Most Read

Most Recent