ဘိုဂိုတာအမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မင်းသား Song Joong Ki ကိုရီးယားတွင် အပြီးသတ် ရိုက်ကူးမည်

ဘိုဂိုတာအမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မင်းသား Song Joong Ki ကိုရီးယားတွင် အပြီးသတ် ရိုက်ကူးမည်
Published 28 June 2021

တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် Song Joong Ki ၏ ရုပ်ရှင်ဇာတ်ကားသစ် ဘိုဂိုတာကို ကိုလံဘီယာနိုင်ငံတွင် သွားရောက်ရိုက်ကူးရန် မူလကစီစဉ်ခဲ့သော်လည်း ကိုရီးယားတွင်သာအပြီးသတ် ရိုက်ကူးသွားမည်ဟုသိရသည်။

ရုပ်ရှင်ဇာတ်ကား အမည်အတိုင်း ဘိုဂိုတာရုပ်ရှင်ဇာတ်ကားသည် ၁၉၉၀ ခုနှစ်ဝန်းကျင်က ကိုလံဘီယာနိုင်ငံဘိုဂိုတာမြို့တော်တွင် အသက်ရှင်ရန် ကြိုးပမ်းနေသည့် လူတစ်စုအကြောင်းကို စိတ်လှုပ်ရှားဖွယ်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

အစောပိုင်းက ယင်းရုပ်ရှင်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကိုလံဘီယာ၌ စတင်ရိုက်ကူးခဲ့သည်။ရုပ်ရှင်ကား၏ ၄၀ ရာခိုင်နှုန်းရိုက်ကူးပြီးစီးချိန်ဖြစ်သော ၂၀၂၀ ခုနှစ် မတ်လတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရိုက်ကူးရေးအဖွဲ့သည် တောင်ကိုရီးယားနိုင်ငံသို့ ပြန်လာခဲ့ကြသည်။

ထို့နောက် ၎င်းတို့သည် ရိုက်ကူးရေးကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့သည်။ရိုက်ကူးရေးအဖွဲ့သည် ရုပ်ရှင်ကို ဆက်လက်ရိုက်ကူးနိုင်ရန်အတွက် ကိုလံဘီယာနိုင်ငံသို့ပြန်သွားရန် ဆွေးနွေးတိုင်ပင်ခဲ့သည်။

ယင်းရုပ်ရှင်ကားကို ဇွန်၂၁ ရက်၌ စတင်ရိုက်ကူးခဲ့ပြီး သုံးလကြာရိုက်ကူးသွားရန်စီစဉ်ထားသည်။ ရိုက်ကူးရေးအဖွဲ့သည် ရုပ်ရှင်ကား၏ လိုအပ်ချက်အတိုင်း ကိုလံဘီယာတွင် ရိုက်ကူးခဲ့သည့်အပြင်အဆင် အတိုင်းလိုက်ဖက်မှုရှိအောင် ပြင်ဆင်ရိုက်ကူးနေသည်ဟုသိရသည်။

Most Read

Most Recent