အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ တူရကီကွင်းလယ်တိုက်စစ်ကစားသမား ချာဟာနိုဂလူးကတော့ ခါးသီးတဲ့မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို မမျှော်လင့်ဘဲ ပြောင်းရွှေ့ခဲ့ပါတယ်။ အေစီမီလန်က တစ်နှစ်လစာ ယူရို(၄)သန်းနဲ့ အပိုဆုကြေး ယူရို(၅)သိန်းပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ချာဟာနိုဂလူးက အင်တာမီလန်ကိုပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အင်တာနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ချာဟာနိုဂလူးဟာ အသင်းသစ်မှာ တစ်နှစ်လစာ ယူရို (၅) သန်းနဲ့ ဆုကြေးယူရို(၁)သန်းရရှိမှာဖြစ်ပါတယ်။ ဇွန်လ (၂၂) ရက်က မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး Inter.it ဝက်ဘ်ဆိုက်နဲ့ ချာဟာနိုဂလူး အင်တာဗျူးကို ပြန်လည်ဖော်ပြလိုက်ရပါတယ် . . .
"ကိုယ်တိုင်ဂိုးသွင်းရတာထက် အသင်းဖော်တွေအတွက် ဖန်တီးပေးရတာကို ပိုနှစ်သက်ပါတယ်"















