ယူရို-၂၀၂၀ တွင် အီတလီဗိုလ်စွဲရန် ရေပန်းအစားဆုံးဟု ဆနိုက်ဒါဆို

ယူရို-၂၀၂၀ တွင် အီတလီဗိုလ်စွဲရန် ရေပန်းအစားဆုံးဟု ဆနိုက်ဒါဆို
Photo : Gettyimages
Photo : Gettyimages
Published 26 June 2021

နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဝက်စလေဆနိုက်ဒါက ကျင်းပနေသည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အီတလီလက်ရွေးစင်အသင်းမှာ ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

အသက် (၃၇)နှစ်အရွယ်ရှိ အေဂျက်စ်၊ ရီးယဲလ်၊ အင်တာမီလန်အသင်းတို့၏ကွင်းလယ်လူဟောင်းဖြစ်သူ ဆနိုက်ဒါက အီတလီအသင်းမှာ ယုံကြည်မှုရှိသော ကစားဟန်ကိုပြသနေပြီး စွမ်းရည်ကောင်းများလည်း ပိုင်ဆိုင်ထားကြောင်းပြောကြားခဲ့သည်။

ဆနိုက်ဒါက '' ကျွန်တော့်အတွက်တော့ အီတလီအသင်းဟာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းပါပဲ။ သူတို့ဟာ သူတို့ဟာ ယုံကြည်မှုရှိစွာကစားနိုင်ပြီး ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ပြီးတော့ စွမ်းရည်ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်'' ဟု NOS ရုပ်သံသို့ဖြေကြားခဲ့သည်။

အီတလီအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲအုပ်စု (A) တွင် ဝေးလ်စ်၊ တူရကီ၊ ဆွစ်ဇာလန်အသင်းတို့နှင့်အတူ ကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ် (၃)ပွဲစလုံးကို အနိုင်ကစားကာ ရှုံးထွက် (၁၆)သင်းအဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အီတလီအသင်းသည် နည်းပြမန်စီနီလက်အောက်တွင် နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံနိုင်ငံတကာပွဲ (၃၀)ဆက်တိုက်ရှုံးပွဲမရှိကစားထားသလို၊ နောက်ဆုံး (၁၁)ပွဲဆက်တိုက် ပေးဂိုးမဲ့နိုင်ပွဲများရယူထားသည့်အသင်းဖြစ်သည်။

အီတလီအသင်းသည် ယူရို-၂၀၂၀ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ဇွန် (၂၆)ရက်နေ့တွင် သြစတြီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

Most Read

Most Recent