Will ကိုယ်တွေ့မှတ်တမ်း စာအုပ်ကို နိုဝင်ဘာလတွင် ဖြန့်ချိမည်ဟု ဝီလ်စမစ် ပြောကြား

Will ကိုယ်တွေ့မှတ်တမ်း စာအုပ်ကို နိုဝင်ဘာလတွင် ဖြန့်ချိမည်ဟု ဝီလ်စမစ် ပြောကြား
Published 22 June 2021

ရက်ပ်အဆိုတော်၊ သရုပ်ဆောင် ဝီလ်စမစ်သည် ၎င်း၏ဘဝအကြောင်းကို ရေးသားထားသော ကိုယ်တွေ့မှတ်တမ်းစာအုပ်အား နိုဝင်ဘာ ၉ ရက်တွင် စတင်ဖြန့်ချိတော့မည်ဖြစ်ကြောင်း Penguin Press သတင်းစာတိုက်က ကြေညာခဲ့သည်။

ဝီလ်စမစ်သည် ပရိသတ် ၅၄ သန်းကျော် ရှိသော ၎င်း၏အင်စတာဂရမ်အကောင့်မှ တစ်ဆင့် Will အမည်ရှိ ကိုယ်တွေ့မှတ်တမ်း စာအုပ်၏ မျက်နှာဖုံးဒီဇိုင်းကို ပြသခဲ့ပြီး ၎င်းအနေဖြင့် စာအုပ်အတွက် နှစ်နှစ်အချိန်ပေးခဲ့ရပြီးနောက်ပိုင်းတွင် ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို ထုတ်ဝေရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ရေးသားခဲ့သည်။

Will ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို Subtle Art of Not Giving a F**k စာရေးဆရာ Mark Manson က ပူးတွဲရေးသားပေးထားပြီး Penguin Press က ပုံနှိပ်ထုတ်ဝေမည်ဖြစ်သည်။ Will စာအုပ်တွင် အဆိုတော်၊ သရုပ်ဆောင်တစ်ဦးအဖြစ် စူပါစတား ဖြစ်လာခဲ့သော စမစ်၏ ဘဝနှင့် အလုပ်အကိုင်အကြောင်းကို ဖတ်ရှုရမည်ဖြစ်သည်။

Most Read

Most Recent