အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်း ခုံ (၇၀၀၀)ထပ်တိုးမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် တတိယအကြီးဆုံးကွင်းဖြစ်လာမည်

အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်း ခုံ (၇၀၀၀)ထပ်တိုးမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် တတိယအကြီးဆုံးကွင်းဖြစ်လာမည်
Photo: Getty Images
Photo: Getty Images
Published 20 June 2021

 

လီဗာပူးလ်အသင်းသည် အန်ဖီးလ်ကွင်း၌ ခုံအရေအတွက် (၇၀၀၀)ထပ်မံတိုးမြှင့်ဆောက်လုပ်ခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ 

လီဗာပူးလ်မြို့တော် ကောင်စီက ပေါင်သန်း (၆၀)အကုန်အကျခံမည့် ယင်းစီမံကိန်းကို ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ယင်းစီမံကိန်းပြီးစီးပါက လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်းမှာ ပရိသတ် (၆၁၀၀၀)ဆံ့သည့်ကွင်း ဖြစ်လာမည်ဖြစ်သည်။ 

သို့ဖြစ်ရာ အန်ဖီးလ်ကွင်းသည် အီမရိတ်စ်(အာဆင်နယ်)၊ လန်ဒန်အိုလံပစ်(ဝက်စ်ဟမ်း)၊ အီတီဟတ် (မန်စီးတီး)အစရှိသောကွင်းများထက် လူဦးရေပိုဆံ့မည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် တတိယအကြီးဆုံးကွင်းဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent