ယူရို-၂၀၂၀ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Team Twitter
Photo : Team Twitter
Published 20 June 2021

ဆွစ်ဇာလန် - တူရကီ (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

တူရကီအသင်းက အဖွင့်နှစ်ပွဲမှာ အီတလီနဲ့ ဝေးလ်စ်တို့ ကို ဂိုးပြတ်တွေရှုံးခဲ့တယ်။ အသင်းရဲဲ့ခံစစ်ပိုင်းက ကစားသမား ကောင်းတွေမရှိသလို၊ ကွင်းလယ်ကလည်း ခံစစ်ကို မကူနိုင်၊ တိုက်စစ်ကို မပံ့ပိုးနိုင်သလိုဖြစ်နေတယ်။ ဆွစ်ဇာလန်ကလည်း အီတလီနဲ့ ပွဲတုန်းက ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ လက်ရှိအနေ အထားမှာတော့ ဆွစ်ဇာလန်က တူရကီထက်ပိုကောင်းပြီး ဒီပွဲ လည်း ဆွစ်ဇာလန် အနိမ့်ဆုံးသရေလို့ ယူဆပါတယ်။

အီတလီ - ဝေးလ်စ် (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

ပထမပွဲတုန်းက အောင်ပွဲခံခဲ့တဲ့ အိုလံပီကိုမှာပဲ အီတလီက ကစားရဦးမှာဖြစ်တယ်။ အီတလီရဲ့ ယုံကြည်မှုက အမြင့်ဆုံး အခြေအနေမှာရှိနေပြီး ဒီပွဲနိုင်ရင် နောက်တစ်ဆင့်တက်သွားပြီဖြစ်လို့ အဓိကကစားသမားအချို့ကို အနားပေးလိမ့်မယ်ထင်တယ်။ ဝေးလ်စ် ရဲ့လူစာရင်းက အီတလီကို ဒုက္ခပေးနိုင်တဲ့ လူစာရင်းမျိုးဖြစ်ပြီး ဂျိမ်းစ်၊ ဘေးလ်တို့လို ကစားသမားတွေကြောင့် အီတလီက တိုက်စစ်ကို အလွန်အကျွံဖွင့်ကစားရဲမှာလည်းမဟုတ်ဘူး။ အီတလီ ဂိုးပြတ်ဖို့ မဖြစ်နိုင်ဘူး။ ကပ်နိုင်ဖို့ပဲ များတယ်။

 

 

Most Read

Most Recent