၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မတ်လအထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အစဉ်လိုက်ရပ်တည်နေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မတ်လအထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အစဉ်လိုက်ရပ်တည်နေ
Published 19 June 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၂၆၆၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၁၃၃၉ သန်းကျော်နှင့် ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၉၀၀ ကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မတ်လအထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့်နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မတ်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၂၆၆၇ ဒသမ ၅၀ သန်း၊ စင်ကာပူမှ ဒေါ်လာ ၁၃၃၉ ဒသမ ၂၄၀ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၉၀၁ ဒသမ ၂၈ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ဒေါ်လာ ၅၂၄ ဒသမ ၈၆ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၄၃၈ ဒသမ ၁၄ သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၀၄ ဒသမ ၃၈ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၂၃၃ ဒသမ ၈၂ သန်း၊  ဗီယက်နမ်နိုင်ငံမှ ဒေါ်လာ ၂၀၁ ဒသမ ၁၅ သန်း၊ ဂျပန်နိုင်ငံမှ ဒေါ်လာ ၁၈၈ ဒသမ ၀၇ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၁၃၀ ဒသမ ၇၇ သန်း တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆  ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၃၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၁၆ ဒသမ ၄၆၄သန်းအထိ တင်ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၉၆ ဒသမ ၉၃၇  သန်းအထိ တင်သွင်းထားကာ စုစုပေါင်းကုန်သွယ်မှု ပမာဏဒေါ်လာ ၁၃၁၃ ဒသမ ၄၀၁ သန်း ရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်နှင့် ၃၃ ရာခိုင်နှုန်းကျော်၊ ထိုင်းနှင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံနှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံနှင့် လေးရာခိုင်နှုန်း၊ အခြားနိုင်ငံများနှင့် ၃၄ ဒသမ ၃ ရာခိုင်နှုန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်  (၈/ ၂၀၂၀) အရ သိရသည်။

Most Read

Most Recent