၂၀၂၁ ခုနှစ် မေလအထိ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ယာဉ်မောင်းလိုင်စင် စုစုပေါင်း ၅၅၅၈၆၉၅ စောင်ရှိ

၂၀၂၁ ခုနှစ် မေလအထိ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ယာဉ်မောင်းလိုင်စင် စုစုပေါင်း ၅၅၅၈၆၉၅ စောင်ရှိ
Published 17 June 2021

၂၀၂၁ ခုနှစ် မေလအထိ နေပြည်တော် အပါအဝင်  ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက် ယာဉ်မောင်းလိုင်စင် စုစုပေါင်း  ၅၅၅၈၆၉၅ စောင်နှင့်  “စ” လိုင်စင် စုစုပေါင်း ၁၉၀၀၉၃ စောင်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ယာဉ်မောင်းလိုင်စင် အမျိုးအစားများတွင် “က-၁” လိုင်စင်၊ “က” လိုင်စင်၊ “ခ” လိုင် စင်၊ “ဂ” လိုင်စင်၊ “ဃ” လိုင်စင်၊ “င” လိုင်စင်၊ “ဌ” လိုင်စင်၊ “ဟ” လိုင်စင်နှင့် “စ” လိုင်စင်တို့ ပါဝင်ပြီး နေပြည်တော် အပါအဝင်   ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် “က-၁” လိုင်စင် မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၅၅၅၈၆၉၅ စောင်နှင့်  “စ” လိုင်စင် စုစုပေါင်း ၁၉၀၀၉၃ စောင်ဖြစ်ကြောင်း သိရသည်။

စာရင်းဇယားများအရ နေပြည်တော်တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်း စောင်ရေ ၂၁၅၇၁၀ စောင်နှင့် “စ” လိုင်စင် ၄၄၈၃ စောင်၊ ထိုနည်းတူ ကချင်ပြည်နယ်တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၁၃၂၄၈၇ စောင်နှင့် “စ” လိုင်စင် ၁၀၁၄ စောင်၊  ကယားပြည်နယ်၌  “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၇၁၉၆၅ စောင်နှင့် “စ” လိုင်စင် ၁၈၉၀ စောင်၊ ကရင်ပြည်နယ်တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်း ၁၂၀၈၆၆ စောင် နှင့် “စ” လိုင်စင် ၂၆၃၂ စောင်၊ ချင်းပြည်နယ်တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်း စောင်ရေ ၃၉၄၇၉ စောင်နှင့် “စ” လိုင်စင် ၂၉၉ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၄၉၉၄၃၀ စောင်နှင့် “စ” လိုင်စင် ၁၄၀၅၇ စောင် ၊ တနင်္သာရီတိုင်းဒေသကြီးတွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်း စောင်ရေ ၁၇၂၆၈၂ စောင်နှင့် “စ” လိုင်စင် ၁၄၂၉ စောင်ရှိကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၅၀၇၇၁၈ စောင်နှင့် “စ” လိုင်စင် ၂၂၄၁၀ စောင်၊ မကွေးတိုင်းဒေသကြီးတွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်း စောင်ရေ ၄၀၄၀၆၇ စောင်နှင့် “စ” လိုင်စင် ၁၉၈၁၃ စောင်၊ မန္တလေးတိုင်းဒေသကြီးတွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၁၂၆၃၉၅၃ စောင်နှင့် “စ” လိုင်စင် ၃၈၅၁၉ စောင်၊ မွန်ပြည်နယ်၌ “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၂၅၅၇၆၃ စောင်နှင့် “စ” လိုင်စင် ၅၅၄၃ စောင်၊ ရခိုင်ပြည်နယ်တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ  ၅၁၇၂၆ စောင်နှင့် “စ” လိုင်စင် ၂၃၅၂ စောင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်း စောင်ရေ ၉၁၀၄၉၁ စောင်နှင့် “စ” လိုင်စင် ၅၂၈၂၁ စောင်၊ ရှမ်း (တောင်)တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်း စောင်ရေ ၁၉၆၅၃၁ စောင်နှင့် “စ” လိုင်စင် ၆၉၄၇ စောင်၊ ရှမ်း (အရှေ့) တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၁၀၉၀၈၀ နှင့် “စ” လိုင်စင် ၂၁၀ စောင်၊ ရှမ်း (မြောက်) တွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၁၄၄၀၃၅ စောင်နှင့် “စ” လိုင်စင် ၅၀၉၃ စောင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် “က-၁” လိုင်စင်မှ “ဟ” လိုင်စင်အထိ စုစုပေါင်းစောင်ရေ ၄၆၂၇၁၂ စောင်နှင့် “စ” လိုင်စင် ၁၀၅၈၁ စောင်ရှိကြောင်း သိရသည်။

“က-၁” ယာဉ်မောင်းလိုင်စင်သည် မော်တော်ဆိုင်ကယ် (၁၁၀ စီစီနှင့် အောက်) မောင်းနှင်ခွင့်ရှိသော ယာဉ်မောင်းလိုင်စင် အမျိုးအစားဖြစ်ပြီး  “က” ယာဉ်မောင်းလိုင်စင်သည် မော်တော်ဆိုင်ကယ်အားလုံး၊ “ခ” ယာဉ်မောင်းလိုင်စင်သည် သုံးတန်အထိ တင်ဆောင်နိုင်သော ကိုယ်ပိုင်မော်တော်ယာဉ် နှင့် ကိုယ်ပိုင် ဘတ်စ်ကားငယ်များ ၊ “ဂ” ယာဉ်မောင်းလိုင်စင်သည် သင်တန်းတက်ရောက် အောင်မြင်သည့် စက်ယန္တရားကြီး တစ်မျိုး၊ “ဃ” ယာဉ်မောင်းလိုင်စင်သည် အငှားကုန်တင်ယာဉ်နှင့် အငှားဘတ်စ်ကားယာဉ်များမှလွဲ၍ ကျန်မှတ်ပုံတင်ယာဉ်များ၊ “င” ယာဉ်မောင်းလိုင်စင်သည် မှတ်ပုံတင်ထားသော မည်သည့် မော်တော်ယာဉ်ကိုမဆို၊ “ဌ” ယာဉ်မောင်းလိုင်စင်သည် ထရော်လာဂျီ၊ ထရက်တာယာဉ်များ ၊  “ဟ” ယာဉ်မောင်းလိုင်စင်သည် သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် စသည်ဖြင့် မောင်းနှင်ခွင့်ရှိသော လိုင်စင်အမျိုးအစားများ ဖြစ်ကြောင်း သိရပြီး “စ” လိုင်စင်မှာ ယာဉ်အကူလက်မှတ် လိုင်စင် ဖြစ်ကြောင်း ကညနမှ သိရသည်။

Most Read

Most Recent