KNU အနေဖြင့် NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးမည်ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်အားလုံးအနေဖြင့် စစ်စည်းကမ်းနှင့်အညီ တိကျစွာလိုက်နာကြရန် KNU ထုတ်ပြန်

KNU အနေဖြင့် NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးမည်ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်အားလုံးအနေဖြင့် စစ်စည်းကမ်းနှင့်အညီ တိကျစွာလိုက်နာကြရန် KNU ထုတ်ပြန်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်စဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်စဉ်
Published 9 June 2021

KNU အနေဖြင့် NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးမည်ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်အားလုံးအနေဖြင့် စစ်စည်းကမ်းနှင့်အညီ တိကျစွာလိုက်နာကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇွန် ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက် တရားသော ခုခံစစ်ကို ကရင်အမျိုးသားများ၏ လွတ်လပ်ရေး၊ တန်းတူရေးတို့အတွက် အသက်ပေးတိုက်ပွဲဝင်လျက်ရှိကြောင်း ပါရှိသည်။

ထို့ပြင် မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးတွင်လည်း ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် အရေးပါသော အဓိကနေရာမှ ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေးဦးဆောင်လမ်းညွှန်မှုကို အစဉ်ခံယူလိုက်နာလျက် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကရင်အမျိုးသားရေးကို အစဉ်ဆောင်ရွက်လာခဲ့ရာ ၂၀၂၁ ခုနှစ် မေ ၁၀ ရက်က ထုတ်ပြန်ခဲ့သော KNU ဥက္ကဋ္ဌ စောမူတူးစေးဖော၏ သဘောထားအတိုင်း လိုက်နာခံယူသွားမည်ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ သဘောတူလက်မှတ်ရေးထိုးထားသော NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်အားလုံးအနေဖြင့် စစ်စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာကြရန် သဘောထားထုတ်ပြန်အပ်ကြောင်း ဖော်ပြပါရှိသည်။

Most Read

Most Recent