မန်ယူအသင်း၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဂျိုယဲလ်ဂလေဇာ သည် မန်ယူပရိသတ်များ၏ Fan Forum တွင် ဝင်ရောက် ပါဝင်ကာ ပရိသတ်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ဂလေဇာမိသားစုအနေဖြင့် ၂၀၀၅ ခုနှစ်တွင် မန်ယူအသင်း ကို ဝယ်ယူအပြီး လက်ရှိအချိန်အထိ ပရိသတ်များနှင့် ယခု ကဲ့သို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုမရှိခဲ့ဘဲ ယင်းလုပ်ရပ် မှာ မန်ယူပရိသတ်များနှင့် ဂလေဇာမိသားစုအကြား ပထမ ဆုံး တိုက်ရိုက်ပြောဆိုဆက်ဆံမှုလည်း ဖြစ်ခဲ့သည်။
သို့ဖြစ်ရာ ယင်း Fan Forum တွင် ပါဝင်ဆွေးနွေးခဲ့ သော မန်ယူပရိသတ်များမှာ ဂျိုယဲလ်ဂလေဇာ ပါဝင်လာမှုအ တွက် အလွန်အံ့အားသင့်ခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ဂျိုယဲလ်ဂလေဇာသည် မန်ယူပရိသတ်အ ချို့မေးမြန်းသော မေးခွန်းများကို တိုက်ရိုက်ဖြေကြားခြင်း မပြုဘဲ ရှောင်လွှဲခဲ့သော်လည်း အပြုသဘောဆောင်သော သဘောထားမှတ်ချက်များကို ပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းင်းက ပရိသတ်များပါဝင်ဖွဲ့စည်းထားသည့် အကြံပေးဘုတ် အဖွဲ့(Fan Advisory Board) ကို ဖွဲ့စည်းစေရန် ဆန္ဒရှိနေ ပြီး ယင်းအကြံပေးဘုတ်အဖွဲ့အနေဖြင့် မန်ယူအသင်းကို ဦးဆောင်နေသော အဓိကတာဝန်ရှိသူများ၊ အသင်းပိုင်ရှင် တို့နှင့်တိုင်ပင်ဆွေးနွေးကာ အကြံဉာဏ်များပေးစေလို ကြောင်း Fan Forum တွင် ထည့်သွင်းပြောကြားခဲ့သည်။လာမည့်ရာသီမစမီ ယင်းအစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ဂျိုယဲလ်ဂလေဇာက ပရိသတ်များကိုတိုက်တွန်းခဲ့ကြောင်းလည်းသိရှိရသည်။

ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်မှုကြောင့် မန်ယူအ သင်းပရိသတ်များက ဂလေဇာမိသားစုကို ဆန့်ကျင်ကန့် ကွက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ဂ လေဇာမိသားစုအနေဖြင့် ပရိသတ်များ၏ ဆန္ဒကိုဦးစား ပေးရန် စဉ်းစားလာကြောင်း သိရှိရသည်။ ယင်း Fan Forum တွင် ဂျိုးယဲလ်ဂလေဇာ ပါဝင်ဆွေးနွေးသည်မှာ (၃)နာရီခန့် ကြာမြင့်ခဲ့ပြီး ၎င်းင်းပါဝင်လာခြင်းကြောင့် ပရိသတ်များ၏ ဆွေး နွေးမှုကို ပုံမှန်အချိန်ထက် မိနစ်(၂၀)ထပ်တိုးခဲ့ရကြောင်း လည်း သိရှိရသည်။
ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ဂျိုယဲလ်ဂလေဇာ က ''Fan Forum မှာ ပရိသတ်တွေနဲ့အတူပူးပေါင်းပြီး သူတို့ ရဲ့ အမြင်တွေကိုနားထောင်ရတာ၊ သူတို့ရဲ့မေးခွန်းတွေကို ဖြေ ကြားရတာအတွက် ကျွန်တော်အလွန်ပဲကျေနပ်မိပါတယ်။ ကျွန်တော်တို့တွေ (အသင်းပိုင်ရှင်နှင့် ပရိသတ်များ) အတူ ပူးပေါင်းပြီး အမြင်တွေကို မျှဝေရင်းနဲ့ တိုးတက်မှုတွေရှိလာ အောင် ပြုလုပ်ရမှာပါ။ ပရိသတ်တွေလိုပဲ ကျွန်တော်တို့အနေ နဲ့ လည်း အသင်းကို အောင်မြင်ပြီး တောင့်တင်းတဲ့အသင်းတစ် သင်းအဖြစ် အမြဲမြင်ချင်ပါတယ်'' ဟု ပြောကြားခဲ့သည်။















