ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ဇွန်လတွင် သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၃၅ စင်း ဝင်ရောက်ရန်လျာထား

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ဇွန်လတွင် သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၃၅ စင်း ဝင်ရောက်ရန်လျာထား
ရန်ကုန်ဆိပ်ကမ်းတစ်ခုသို့ဝင်ရောက်လာသည့် အပြည်ပြည်ဆိုင်ရာသင်္ဘောတစ်စီးအား တွေ့ရစဉ်
ရန်ကုန်ဆိပ်ကမ်းတစ်ခုသို့ဝင်ရောက်လာသည့် အပြည်ပြည်ဆိုင်ရာသင်္ဘောတစ်စီးအား တွေ့ရစဉ်
Published 2 June 2021
ရွှန်းလဲ့ဝင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ပျံသန်းခွင့် ရပ်ဆိုင်းထားခြင်းအား ၂၀၂၁ခုနှစ် ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

COVID-19 ရောဂါကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည့်ကာလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုန်စည်သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များနှင့် ကယ်ဆယ်ရေးလေကြောင်းခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည့်ကာလတွင် IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်သည် အကြိမ်ရေ ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၂၀၂၁ ခုနှစ် မေ ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသောကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိသည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။   

MAI နှင့် Air KBZ ပြည်တွင်းလေကြောင်းလိုင်းများက COVID-19 ရောဂါကြောင့် ၎င်းတို့လေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်တွင်းခရီးစဉ်များဖြစ်သည့် တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းစသည့် မြို့များသို့ လေကြောင်း ခရီးစဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယင်းမြို့များသို့ လေကြောင်းခရီးစဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းသည့် ကာလမှာ မေ ၂၉ မှ ဇွန် ၈ ရက်အထိ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၂၁၁၂၉၈ ဦး ထပ်မံတွေ့ရှိခဲ့ရာ မေ ၂၇ ရက်အထိ ရောဂါကူးစက်ခံရသူပေါင်း ၂၇၃၆၉၀၉၃ ဦး ရှိလာကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အလားတူ နိုင်ငံအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၃၈၄၇ ဦးကို မေ ၂၇ ရက်က ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူ ၃၁၅၂၃၅ ဦးရှိလာကြောင်းနှင့် ရောဂါသက်သာသဖြင့် ဆေးရုံမှဆင်းသူ ၂၄၆၃၃၉၅၁ ဦး ရှိကြောင်း သိရသည်။

Most Read

Most Recent