■ ဘယ်လ်ဂျီယံအသင်းနှင့် ပြင်သစ်ဂန္ထဝင်ကစားသမား အွန်နရီ ပြန်လည်လက်တွဲ

■ ဘယ်လ်ဂျီယံအသင်းနှင့် ပြင်သစ်ဂန္ထဝင်ကစားသမား အွန်နရီ ပြန်လည်လက်တွဲ
Published 1 June 2021

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီသည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနှင့် ပြန်လည်လက်တွဲခဲ့ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဘယ်လ်ဂျီယံအသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အွန်နရီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံနည်းပြ ရောဘတ်တိုမာတီနက်ဇ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယင်းပြိုင်ပွဲ၌ ဘယ်လ်ဂျီယံအသင်းမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သည်။ 

ထို့နောက် အွန်နရီသည် မိုနာကိုအသင်း၏နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် မေဂျာလိဂ်ကလပ် မွန်ရီယဲလ်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ အသင်းလက်မဲ့ဖြစ်နေသည့် အွန်နရီသည် ဘယ်လ်ဂျီယံအသင်းနှင့် ပြန်လည်လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းနှင့်အတူ ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဆုဖလားအောင်ပွဲရယူနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

အွန်နရီသည် ဘယ်လ်ဂျီယံအသင်းနှင့် ပြန်လည်လက်တွဲခြင်းကြောင့် ဗြိတိန်ရုပ်သံဌာန BBC ၏ ရုပ်သံဝေဖန်သူအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။

ဘယ်လ်ဂျီယံအသင်းသည် ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားနေသည့်အသင်းတစ်သင်းဖြစ်ပြီး အုပ်စု(B)တွင် ရုရှား၊ ဖင်လန်၊ ဒိန်းမတ်အသင်းများနှင့် အတူကျရောက်လျက်ရှိသည်။

Most Read

Most Recent