ရာထူးမှ နုတ်ထွက်ရခြင်းအကြောင်းကို ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များထံသို့ နည်းပြဟောင်း ဇီဒန်း အိတ်ဖွင့်စာရေးသားရှင်းပြ

ရာထူးမှ နုတ်ထွက်ရခြင်းအကြောင်းကို ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များထံသို့ နည်းပြဟောင်း ဇီဒန်း အိတ်ဖွင့်စာရေးသားရှင်းပြ
Photo: Madrid Xtra
Photo: Madrid Xtra
Published 31 May 2021

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြောာင်း ဇီဒန်းသည် အသင်းနည်းပြရာထူးမှ နုတ်ထွက်ရခြင်းနှင့် ပတ်သက်ပြီး အသင်းပရိသတ်များ ရှင်းရှင်းလင်းလင်း သိရှိနိုင်စေရန်အတွက် အိတ်ဖွင့်စာရေးသားရှင်းပြခဲ့ကြောင်း သိရှိရသည်။

ဇီဒန်းသည် ယင်းစာကို စပိန်နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်သည့် AS  တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ''ချစ်လှစွာသော ရီးယဲလ်မက်ဒရစ်ပရိတ်သတ်များထံသို့''ဟု ခေါင်းစဉ်တပ်ကာ ရှင်းပြထားခြင်းဖြစ်သည်။

ယင်းစာတွင် အဓိကပါဝင်ခဲ့သည့် အကြောင်းအရာမှာ ''ထာဝရအကောင်းဆုံးအသင်း၏ ကစားသမား၊ နည်းပြ ဆိုသည့် အစိတ်အပိုင်းများတွင် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း၊ ရီးယဲလ်မက်ဒရစ်ပရိသတ်များကဲ့သို့ပင် သူကိုယ်တိုင်လည်း ရီးယဲလ်မက်ဒရစ်ပရိသတ်တစ်ဦးဖြစ်ကြောင်း၊ ကစားသမားအဖြစ် ရီးယဲလ်မက်ဒရစ်သို့ စတင်ရောက်ရှိခဲ့သော လွန်ခဲ့သည့် နှစ် (၂၀)မှ ယခုအချိန်အထိသည် သူ၏ ဘဝတွင် အလှပဆုံးအရာများထဲမှတစ်ခုဖြစ်ကြောင်း ရေးသားခဲ့ပြီး ထိုအချိန်က ကန့်ကွက်မှုများကြားထဲမှ သူ့ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သည့် ဖလော်ရင်တီနိုပီရက်ဇ်ကို ကျေးဇူးတင်ကြောင်း'' ရေးသားထားသည်။

ထို့ပြင် ''၂၀၁၈ မေလက အသင်းမှ ထွက်ခွာရခြင်းမှာ အောင်မြင်မှုများစွာ၊ ဖလားများစွာ ရယူပြီးနောက် အမြင့်ဆုံးအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းရန် အပြောင်းအလဲ လိုအပ်နေပြီဟု ခံစားရခြင်းကြောင့်ဖြစ်ပြီး ယခုတစ်ကြိမ်မှာမူ ခြားနားကြောင်း၊ သူ့အပေါ် ကလပ်အသင်းက လုံလောက်သည့် ယုံကြည်မှု၊ ထောက်ခံမှု မရှိဟု ခံစားရခြင်းကြောင့်ဖြစ်ကြောင်း''လည်း ရေးသားခဲ့သည်။

Most Read

Most Recent