၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဖေဖော်ဝါရီအထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အစဉ်လိုက်ရပ်တည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဖေဖော်ဝါရီအထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အစဉ်လိုက်ရပ်တည်
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန်းဝန်းဂိတ်တွင် ကုန်စည်ဖြတ်သန်းနေမှုကို ပြီးခဲ့သည့်လပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်စုံ)
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန်းဝန်းဂိတ်တွင် ကုန်စည်ဖြတ်သန်းနေမှုကို ပြီးခဲ့သည့်လပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်စုံ)
Published 25 May 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဖေဖော်ဝါရီအထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၂၃၀၆ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ၁၁၃၂ သန်းကျော်နှင့် ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၈၀၀ နီးပါးဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဖေဖော်ဝါရီအထိ မြန်မာနိုင်ငံသို့ သွင်းကုန် အများဆုံးတင်သွင်းထာသည့် နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား ၊မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဖေဖော်ဝါရီအထိ ငါးလအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန် အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၂၃၀၆ဒသမ ၇၁ သန်း၊ စင်ကာပူမှ ဒေါ်လာ ၁၁၃၂ ဒသမ၂၁ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၇၉၁ ဒသမ ၆၀၆ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၄၃၁ ဒသမ ၀၈ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၃၉၅ ဒသမ ၁၆ သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၂၄၅ ဒသမ ၉၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၁၉၈ ဒသမ ၈၄ သန်း၊ ဗီယက်နမ်နိုင်ငံမှ ဒေါ်လာ ၁၇၁ ဒသမ ၃၉ သန်း၊ ဂျပန်နိုင်ငံမှဒေါ်လာ ၁၆၇ ဒသမ ၉၇ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၁၀၇ ဒသမ ၈၁ သန်း တင်သွင်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၃၀ ကျော် လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၁၆ ဒသမ ၄၆၄သန်းအထိ တင်ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၆၉၆ ဒသမ ၉၃၇ သန်းအထိ တင်သွင်းထားကာ စုစုပေါင်းကုန်သွယ်မှု ပမာဏဒေါ်လာ ၁၃၁၃ ဒသမ ၄၀၁ သန်းရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏အဓိက ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်နှင့် ၃၃ ရာခိုင်နှုန်းကျော်၊ ထိုင်းနှင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံနှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံနှင့် လေးရာခိုင်နှုန်း၊ အခြားနိုင်ငံများနှင့် ၃၄ ဒသမ ၃ ရာခိုင်နှုန်း ကုန်သွယ် နိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်  (၈/ ၂၀၂၀) အရ သိရသည်။

=၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃၀၉၅ဒသမ ၉၈၈သန်းရှိသည်။ ထိုင်းဘက်ကမှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၁၃ ဒသမ ၄၈၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၀၉ ဒသမ ၄၇၉ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent