ပြည်တွင်းစျေးကွက်၌ ဒေသအစုံမှထွက်ရှိသော ဆန်ချောစျေး သုံးလအတွင်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၅၀၀ အထိ မြင့်တက်

ပြည်တွင်းစျေးကွက်၌ ဒေသအစုံမှထွက်ရှိသော ဆန်ချောစျေး သုံးလအတွင်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၅၀၀ အထိ မြင့်တက်
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 25 May 2021

ပြည်တွင်းစျေးကွက်၌ ဒေသအစုံမှ ထွက်ရှိသောဆန်ချောစျေး သုံးလအတွင်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၅၀၀ အထိ မြင့်တက်လာကြောင်း ဆန်စပါးကုန်စည်ဒိုင်များမှ သိရသည်။

မြောင်းမြ/ပုသိမ်ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ဒေးဒရဲပေါ်ဆန်းအပါအဝင် ဆန်ချောများ စျေးတက်နေပြီး ဆန်ကြမ်းများ စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မတ် ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်စျေးနှုန်း(တစ်အိတ်)များမှာ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၆၀၀၀ မှ ကျပ် ၃၈၀၀၀ ကြား၊ ဒေးဒရဲကြားပျံ ကျပ် ၃၈၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ဖျာပုံ  ပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ပေါ်ဆန်းနယ်စုံ (သစ်) ကျပ် ၃၄၀၀၀ မှ ၃၅၀၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၂၉၀၀၀ မှ ကျပ် ၃၀၀၀၀ ကြား၊ ရက် ၉၀ (သစ်)ကျပ် ၂၅၀၀၀ မှ ကျပ်၂၆၀၀၀ ကြား၊ ကြားပျံရှယ် (သစ်) ကျပ် ၃၆၇၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ငစိန် ကျပ် ၂၂၀၀၀ မှ ကျပ် ၂၃၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း (သစ်) ကျပ် ၄၇၀၀၀ မှ ကျပ် ၅၀၀၀၀ ကြား၊ ဧည့်မထ (သစ်) ကျပ် ၂၃၀၀၀ မှ ကျပ် ၂၄၀၀၀ ကြားဖြစ်သည်။

မေ ၂၄ ရက်တွင် မြောင်းမြ/ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ဒေးဒရဲကြားပျံ ကျပ် ၄၁၀၀၀ မှ ကျပ် ၄၂၀၀၀ ကြား၊ ဖျာပုံ ပေါ်ဆန်း (သစ်) ကျပ် ၃၆၀၀၀ မှ ကျပ် ၃၉၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်း (သစ်) ကျပ် ၃၆၀၀၀ မှ ကျပ် ၃၉၀၀၀ ကြား၊ ပေါ်ဆန်းနယ်စုံ (သစ်) ကျပ် ၃၅၀၀၀ မှ ၃၈၅၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၃၁၅၀၀ မှ ကျပ် ၃၃၀၀၀ ကြား၊ ရက် ၉၀ ကျပ် ၂၄၀၀၀ မှ ကျပ် ၂၅၅၀၀ ကြား၊ ကြားပျံရှယ် (သစ်) ကျပ် ၃၅၅၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ငစိန် (သစ်) ကျပ် ၂၁၅၀၀ မှ ကျပ် ၂၂၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း (သစ်) ကျပ် ၄၇၀၀၀ မှ ကျပ် ၅၀၀၀၀ ကြား၊ ဧည့်မထကျပ် ၂၂၂၅၀၀ မှ ကျပ် ၂၃၀၀၀ ကြားရှိသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့ သော ဆန်ချောစျေးနှုန်းများနှင့် မေ ၂၄ ရက်တွင်ဖြစ်ပေါ်သော ဆန်ချောစျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက ဒေသအလိုက် ဆန်ချောစျေး တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၃၅၀၀ အထိ မြင့်တက်လာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်စျေးနှုန်း (တစ်အိတ်) များမှာ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၄၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ဒေးဒရဲကြားပျံ ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ဖျာပုံ  ပေါ်ဆန်း (သစ်) ကျပ် ၃၃၀၀၀ မှ ကျပ် ၃၄၅၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်း (သစ်) ကျပ် ၃၃၀၀၀ မှ ကျပ် ၃၄၅၀၀ ကြား၊ ပေါ်ဆန်းနယ်စုံ (သစ်) ကျပ် ၃၁၀၀၀ မှ ၃၂၅၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၂၆၀၀၀ မှ ကျပ် ၂၇၀၀၀ ကြား၊ ရက် ၉၀ ကျပ် ၂၈၀၀၀ မှ ကျပ် ၂၉၅၀၀ ကြား၊ ကြားပျံရှယ် (သစ်) ကျပ် ၃၄၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ငစိန် (သစ်) ကျပ် ၂၁၀၀၀ မှ ကျပ် ၂၂၅၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း (သစ်) ကျပ် ၄၄၀၀၀ မှ ကျပ် ၄၆၀၀၀ ကြား၊ ဧည့် မထ (သစ်) ကျပ် ၂၃၀၀၀ မှ ကျပ် ၂၄၀၀၀ ကြား၊  ပေါ်ဆန်းရှယ် (ဟောင်း) ကျပ် ၃၆၀၀၀ မှ ကျပ် ၃၇၅၀၀ ကြား၊ ပေါ်ဆန်းရှယ် (သစ်) ကျပ် ၃၂၀၀၀ မှ ၃၃၀၀၀ ကြားဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်စျေးနှုန်း (တစ်အိတ်) များမှာ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း (သစ်) ကျပ် ၃၆၀၀၀ မှ ကျပ် ၃၈၀၀၀ ကြား၊ ဒေးဒရဲကြားပျံ  ကျပ် ၃၈၀၀၀ မှ ကျပ် ၄၀၀၀၀ ကြား၊ ဖျာပုံပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၆၀၀၀ ကြား၊ ဒေးဒရဲပေါ်ဆန်း (သစ်) ကျပ် ၃၅၀၀၀ မှ ကျပ် ၃၇၀၀၀ ကြား၊ ပေါ်ဆန်း နယ်စုံ (သစ်) ကျပ် ၃၄၀၀၀ မှ ၃၅၅၀၀ ကြား၊ မြီးဒုံး (သစ်) ကျပ် ၂၉၀၀၀ မှ ကျပ် ၃၁၀၀၀ ကြား၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေလလယ်အထိ ပြည်ပသို့ မြန်မာ့ ဆန်တန်ချိန် ၇ ဒသမ ၈ သိန်းကျော်သာ တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent