ပြီးခဲ့သည့်ဘဏ္ဍာနှစ် ငါးနှစ်တာကာလတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၁၂၉၀ ကျော် ခွင့်ပြုပေးခဲ့ပြီး အိမ်ခြံမြေကဏ္ဍ၌ အများဆုံးခွင့်ပြု

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ငါးနှစ်တာကာလတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၁၂၉၀ ကျော် ခွင့်ပြုပေးခဲ့ပြီး အိမ်ခြံမြေကဏ္ဍ၌ အများဆုံးခွင့်ပြု
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
Published 24 May 2021

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ငါးနှစ်တာကာလတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၁၂၉၀ ကျော် ခွင့်ပြုပေးခဲ့ပြီး အိမ်ခြံမြေကဏ္ဍ၌ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၂၃ ခုခွင့်ပြုပေးခဲ့ပြီး ယခင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် ၁၁၂၉၀ ဒသမ ၇၂၃ ဘီလျံအထိ ရှိသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ အိမ်ခြံမြေကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ စသည့်စီးပွားရေးလုပ်ငန်း ကဏ္ဍ ၁၂ ခုတွင် အဓိကရင်းနှီးမြှုပ်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း အိမ်ခြံမြေကဏ္ဍတွင် လုပ်ငန်းပေါင်း ၄၁ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၃၀၇၀ ကျော်ခွင့်ပြုပေးခဲ့သည်။ စုစုပေါင်းမြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းပေါင်း ၂၂၈ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၂၅၇၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။

ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၄၇ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၈၈၀ နီးပါးရှိပြီး တတိယအများဆုံးဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ၁၇ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၁၅၀ ကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၁၅ ခု ကျပ်ဘီလျံ ၁၁၃၀ ကျော်၊ လျှပ်စစ်ကဏ္ဍတွင် လုပ်ငန်းပေါင်း ၁၇ ခု ကျပ်ဘီလျံ ၄၄၀ ကျော်၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းပေါင်း သုံးခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၃၂၀ ကျော်၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းပေါင်း ၃၀ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၃၅၀ ကျော်ရှိသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၂၃၀ ခန့်၊ သတ္တုတွင်းထွက်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၇၅ ဘီလျံကျော်၊ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၄၀ ကျော်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၃ ဘီလျံကျော်ဖြင့် အသီးသီးရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ဧပြီမှ ၂၀၁၉ စက်တင်ဘာ (ဘတ်ဂျက်ကြား ကာလ)တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာaနမှ သိရသည်။

Most Read

Most Recent