ထုတ်ပယ်ခံရသည့် မြန်မာသံတမန် နှစ်ဦးကို ဗီဇာရုပ်သိမ်းခြင်း မရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ထုတ်ပယ်ခံရသည့် မြန်မာသံတမန် နှစ်ဦးကို ဗီဇာရုပ်သိမ်းခြင်း မရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 22 May 2021
Ref: The Manichi

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော် က အာဏာထိန်းသိမ်းခဲ့မှုအား ဆန့်ကျင်သောကြောင့် တာဝန်မှ ထုတ်ပယ်ခံရသည့် တိုကျိုမြို့မှ မြန်မာသံတမန်နှစ်ဦးကို ဗီဇာ ရုပ်သိမ်းခြင်းမရှိကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆုမိုတေဂီက မေ ၂၁ ရက် တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့က သူတို့ရဲ့လုပ်ဆောင် ချက်တွေကို မသင့်တော်ဘူးလို့ ယူဆခြင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ သူတို့ရဲ့ဗီဇာတွေကို ရုပ်သိမ်းခြင်းမရှိတာပါ” ဟု မိုတေဂီက သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။ အဆိုပါသံတမန်နှစ်ဦး၏ လက်ရှိနေ ထိုင်မှု အနေအထားကိုလည်းကောင်း၊ ၎င်းတို့နှစ်ဦးအား မည်သို့စီစဉ်ထားသည်ကို လည်းကောင်း မေးမြန်းရာတွင် မိုတေဂီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာသံတမန်နှစ်ဦးဖြစ်သော ဦးအောင်စိုးမိုး (၅၁ နှစ်၊ ပထမအတွင်းဝန်) နှင့် အမည်မဖော်ပြသည့် ဒုတိယအတွင်းဝန်တစ်ဦးတို့အား တိုကျိုမြို့ရှိ မြန်မာသံရုံးဝင်း အတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားသည်။ ၎င်းတို့သည် တပ်မတော်က အာဏာထိန်း သိမ်းခဲ့မှုကို ဆန့်ကျင်သောအားဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပိတ်ပင်ခြင်းခံခဲ့ရသည်။

၎င်းတို့နှစ်ဦးသည် CDM လှုပ်ရှားမှု တွင်ပါဝင်ကြောင်း Facebook တွင် ရေး သားလျက် မတ် ၆ ရက်တွင် သံရုံးတာဝန် များအား စတင်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ သံတမန်တာဝန်များ နှင့် ပတ်စ်ပို့တို့အားရုပ်သိမ်းလိုက်ကြောင်း မတ်လတွင် မြန်မာသံရုံးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ ကြောင်း မိုတေဂီက ပြောကြားခဲ့သည်။

 

 

Most Read

Most Recent