ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ လက်နက်ကိုင် အဖွဲ့များက ပစ်ခတ်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးပြီး လက်နက်ကိုင်များဘက်မှ သုံးဦးသေဆုံးကာ ၁၃ ဦး ဖမ်းဆီးရမိဟု ထုတ်ပြန်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ လက်နက်ကိုင် အဖွဲ့များက ပစ်ခတ်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးပြီး လက်နက်ကိုင်များဘက်မှ သုံးဦးသေဆုံးကာ ၁၃ ဦး ဖမ်းဆီးရမိဟု ထုတ်ပြန်
 Photo: dsinfo. org
Photo: dsinfo. org
Published 21 May 2021

Photo: dsinfo. org

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ လက်နက်ကိုင် အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကျဆုံးပြီး လက်နက်ကိုင်များဘက်မှ သုံးဦးသေဆုံးကာ ၁၃ ဦးဖမ်းဆီးရမိကြောင်း မေ ၂၁ ရက် ည ၈ နာရီ MRTV သတင်းကြေညာချက်အရ သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ်  ဒီ/ကျေး အုပ်စု၊ မားနာပလော့ကျေးရွာသို့ အဝင်တံတားအရောက်၌ လမ်း၏ ဝဲ/ယာတို့မှ လက်နက်ကိုင်အဖွဲ့ က လက်နက်ငယ်များ၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လက်နက်ကိုင်အဖွဲ့မှာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပစ်ခတ်တိုက်ခတ်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့သုံးမော်တော်ယာဉ် သုံးစီးတွင် လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း၊ ယင်းလက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာနောက်သို့ လိုက်လံစစ်ဆေးစဉ် မားနာပလော့ကျေးရွာ၏ အရှေ့မြောက်ဘက် လယ်ကွင်းအနီးတွင် ၁၂ ဗို့ရာဘာကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့်  အလောင်းတစ်လောင်းအား တူမီးသေနတ်နှစ်လက်၊ လက်လုပ်သေနတ်တစ်လက်တို့နှင့်အတူ တွေ့ရှိပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။  

ယင်းနောက်ဖမ်းဆီးရမိသူများအား စစ်ဆေးရန် လွိုင်ကော်မြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ ငွေတောင်ကျေးရွာအနီးရောက်ရှိစဉ် လက်နက်ကိုင်အင်အား ၈၀ ခန့်က လမ်းဝဲ/ယာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သူများအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်သုံးစီးနှင့် လက်နက်ခဲယမ်းအချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအား ပိတ်ဆို့တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့များအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

Most Read

Most Recent