ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပြစ်ဒဏ်အနည်းဆုံးကျူးလွန်သည့်အသင်း အဖြစ် အာဆင်နယ် မှတ်တမ်းဝင်ခဲ့ပြီး အင်္ဂလန်တွင် ဖူလ်ဟမ် အကြမ်းဆုံးဖြစ်     

ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပြစ်ဒဏ်အနည်းဆုံးကျူးလွန်သည့်အသင်း အဖြစ် အာဆင်နယ် မှတ်တမ်းဝင်ခဲ့ပြီး အင်္ဂလန်တွင် ဖူလ်ဟမ် အကြမ်းဆုံးဖြစ်     
Photo: Getty Images
Photo: Getty Images
Published 20 May 2021

အာဆင်နယ်အသင်းသည် ယခု ရာသီဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပြစ်ဒဏ်ဘောအနည်းဆုံးကျူးလွန်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

    

ရာသီမကုန်ဆုံးမီ ပွဲစဉ်(၂)ပွဲ/ (၃)ပွဲခန့်အလိုတွင် တစ်ပွဲပျမ်းမျှ ပြစ်ဒဏ်ကျူးလွန်မှုများကို နှိုင်းယှဉ်ကာ CIES Observatory က ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် (၃၅)ပွဲကစားပြီးချိန်၌ ပြစ်ဒဏ်ကျူးလွန်မှုစုစုပေါင်း (၃၁၇)ကြိမ်သာရှိခဲ့ရာ ပျမ်းမျှကျူးလွန်မှုမှာ (၁၀)မိနစ် (၄၄)စက္ကန့်တွင် တစ်ကြိမ်နှုန်းဖြစ်ကြောင်း သိရှိရသည်။ 

သို့ဖြစ်ရာ ပြစ်ဒဏ်အနည်းဆုံးကျူးလွန်သည့်အသင်းအဖြစ် အာဆင်နယ်က ဦးဆောင်ခဲ့ပြီးနောက်တွင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ဝက်စ်ဟမ်း အစရှိသော အသင်းများက ရပ်တည်ခဲ့သည်။ 

ပရီးမီးယားလိဂ်အသင်းများထဲတွင် ဖူလ်ဟမ်အသင်းမှာ အကြမ်းတမ်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၃၅)ပွဲကစားပြီးချိန်တွင် ပြစ်ဒဏ်ကျူးလွန်မှုပေါင်း (၄၃၅)ကြိမ်အ ထိရှိခဲ့ကြောင်း သိရသည်။

    

သို့ဖြစ်ရာ ဖူလ်ဟမ်အသင်း၏ ပျမ်းမျှကျူးလွန်မှုမှာ (၇)မိနစ်၊ (၄၈) စက္ကန့်တွင် တစ်ကြိမ်နှုန်းဖြစ်နေပြီး ပြစ်ဒဏ်အများဆုံးကျူးလွန်သည့် ပရီးမီးယားလိဂ်အသင်းအဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်းသိရသည်။ 

ဖူလ်ဟမ်၏ နောက်တွင် မန်ယူအသင်းက (၃၅)ပွဲကစား၊ (၄၂၉)ကြိမ်ဖြင့် ဒုတိယပြစ် ဒဏ်ကျူးလွန်မှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent