နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမား ၁၀ ဦးဝန်းကျင်အထိ ရီးယဲလ် ရောင်းထုတ်ဖွယ်ရှိပြီး ဟာဇက်၊ ဘေးလ်၊ ဗာရန်းနှင့် မာဆယ်လိုတို့ ပါဝင်နေ

နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမား ၁၀ ဦးဝန်းကျင်အထိ ရီးယဲလ် ရောင်းထုတ်ဖွယ်ရှိပြီး ဟာဇက်၊ ဘေးလ်၊ ဗာရန်းနှင့် မာဆယ်လိုတို့ ပါဝင်နေ
Photo: Getty Images
Photo: Getty Images
Published 19 May 2021

 

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမား ၁၀ ဦးအထိ ရောင်းချသွားဖွယ်ရှိနေ ပြီး ယင်းစာရင်းတွင် ဟာဇက်၊ ဘေးလ်၊ မာဆယ်လိုနှင့် ဗာရန်းစသည့် နာမည်ကြီးကစားသမားများ ပါဝင်နေကြောင်း သိရသည်။

ရီးယဲလ်အသင်းမှ ရောင်းချဖွယ်ရှိသည့် အခြားကစားသမားများမှာ မာရီယာနို၊ စီဘယ်ယော့စ်၊ ယိုဗစ်၊ အဆန်စီယို၊ အစ္စကို၊ မာယိုရယ်လ်၊ အော်ဒီဂွါတို့ဖြစ်ဖွယ်ရှိသည်ဟု စပိန်အားကစားသတင်းစာ AS က ဖော်ပြ ခဲ့သည်။ ဟာဇက်သည် ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ထားသော်လည်း  အသင်းကိုရောက်ရှိလာကတည်းက ဒဏ်ရာ ပြဿနာများနှင့်သာ ရုန်းကန်နေရသဖြင့်  အသင်းမှ ပြန်လည်ရောင်းထုတ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။  

ထို့ပြင် နောက်ခံလူ ဗာရန်းမှာလည်း မန်ချက်စတာယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ကောလာဟလများ ပေါ်ထွက်နေပြီး ရီးယဲလ်အသင်းမှ ရောင်းချဖွယ်ရှိသည့်စာရင်းတွင် နာမည်ကျော်ကစားသမား အများအပြားပါဝင် နေသောကြောင့် ပြောင်းရွှေ့ကြေးအများအပြားရဖွယ်ရှိနေသည်။

ရီးယဲလ်အနေဖြင့် ဘဏ္ဍာရေးဟန်ချက်ညီရန် အသင်းကစားသမားအချို့ကို  ယခုကဲ့ သို့ရောင်းချရန် စီစဉ်နေသော်လည်း ဗြိတိန်အခြေစိုက် Brand Finance ကုမ္ပဏီ၏ တွက်ချက်ထုတ်ပြန်မှုအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်

Most Read

Most Recent